yeol- " မင်းရောက်လာတာနဲ့ အတော်ပဲ… လာ..ခြံထဲသွားရအောင် "
chanyeol က Kai ပခုံးကို ဖက်ခေါ်သည်။ နှစ်ယောက်သား ခြံထဲက ခုံလေးမှာထိုင်မိတော့ Kaiက " Sooရော "ဟု သတိတရမေးလာ၏။
yeol- " မင်းက ဘာလုပ်မလို့လဲ"
သူ ခပ်ဆတ်ဆတ်ပြန်မေးလိုက်သည်။Kai- " မတွေ့လို့ပါ "
yeol- " ကယောင်ချောက်ချားတွေ ပြောမနေနဲ့ အေးဆေးနေစမ်းကွာ… ငါ Sooနဲ့ ပက်သက်ရင် သည်းခံမှာ မဟုတ်ဘူး "
kai- " ငါ တကယ် "
yeol- " ဟေ့ကောင်… တော်စမ်းကွာ "
chanyeolက မျက်နှာကြီးမည်းတက်ကာ စကားဆက်မခံပါ။
kai- " အေးလေ ပြောမရတော့ ခိုးပြေးသင့်ရင် ပြေးရမှာပေါ့ "
yeol- " ငါ့ လက်သီးအကြောင်း မင်းသိသွားမှာပေါ့ "
kai- " ဒေါသလျှော့ပါကွာ "
yeol - " ဟ..မင်းဘယ်လိုဖြစ်နေတာလဲ "
kai- " တစ်ချိန်ချိန်လဲ တစ်ယောက်ယောက်နဲ့ ပေးစားရမှာပဲဟာ "
yeol- " ဒါတော့ ဒါပေါ့… ငါကတော့ Sooကို ကလေးလို့ပဲမြင်တယ် "
Kaiမျက်နှာကြီး ရှုံ့မဲ့ကာ စကားမဆက်နိုင်တော့။
yeol- " ငါ အဲ့ဒီလို နှမသားချင်းစာလို့ ငါ့ကိုယ်ငါ သံပတ်ရေလည် တင်းထားတယ် ငါ.. ဘယ်တော့မှ မတရားတဲ့ လူ မဖြစ်ချင်ဘူး "
kai- " မင်း ဘယ်တုန်းက ဘယ်က ကလေးနဲ့တွေ့ထားလဲ "
Kaiက စိတ်ဝင်တစား မေးပါသည်။ ပြုံးချင်ချင်လည်း ဖြစ်သွား၏။
yeol- " မင်းက ငါဝဋ်လည်ပြီ ဆိုပြီး ပြောနေတာလား …ဟုတ်လား "
kai- " မဟုတ်ပါဘူးကွာ "
kai ဗြောင်ညာလည်း chanyeol သိသည်။ ဝမ်းသာရိပ်စွန်းထင်းသော အကြည့်တွေကို ရိပ်မိတာပေါ့ ။
Soo အထက်တန်း ပထမနှစ် အောင်စာရင်း မထွက်ခင် တစ်ပတ်လောက်အလိုမှာ သူနှင့်kai အကြီးအကျယ် ပြဿနာတက်ခဲ့သည်။
"hyung သူငယ်ချင်းက သားကို လာကြိုပြီး လမ်းမှာ cafe ဆိုင်ဝင်တယ်… မဟုတ်ကဟုတ်ကတွေ လျှောက်ပြောတယ် "
Sooက အခုတောင် ကလေးဆန်တာ အဲ့ဒီတုန်းက ပိုဆိုးသေး။ အိမ်ပြန်ရောက်တာနဲ့
"hyung သူငယ်ချင်းက" အစချီကာ တိုင်တော့တာ…
YOU ARE READING
chanbaek မြတ်နိုးသူ ( Yaoi )
Fanfictionchanbaek KaiSoo Sulay Xiuchen KrisTao Sehun Luhan Main ကတော့ Chanbaek ပေါ့ Yaoi vers လေးပါ