Part- 7

156 19 4
                                    

Yeol- " ဟင်"

Chanyeolက ဆတ်ကနဲဖြစ်ရင်း သေချာထပ်ကြည့်သည်။ သူကားက မှန်အနက်မို့ တစ်ဖက်သားကို မြင်ရပေမယ့် တစ်ဖက်သားက သူ့ကို မမြင်နိုင်။ သည်ကောင်လေးကို ဘယ်မှာမြင်ဖူးပါလိမ့်။ ချက်ချင်းပဲ စဉ်းစားသည်။ အဖြေကမပေါ် ။ သိတာကတော့ သေချာသိနေသလိုပါပဲ ။

ကြည့်စမ်း... ဘယ်လို ဟာသကြောင့် သည်လောက် ရယ်နေပါလိမ့် ။ အဲ့ဒီကောင်လေးဘေးမှာ ကားမောင်းသော လူတစ်ယောက်ကိုတော့ သေချာမမြင်ရပါ။ မျက်မှန်တပ်ထားတာပဲသိသည် ။ သူတို့ကားက မှန်တွေ အကုန်လုံးချထား၍ သဲသဲကွဲကွဲ မြင်ရသည်။

ငါသူ့ကို ဘယ်မှာမြင်ဖူးတာလဲ။ သေချာသိနေပြီး စဉ်းစားမရတော့ Park Chanyeol ကျွတ်ကနဲ ရေရွတ်သည်။ သိပါတယ်... တွေ့ဖူးပါတယ် ...ဘယ်မှာပါလိမ့် ။ အချိုးမပြေသော ပုံစံလေးကို မှတ်မိနေတာတော့ အမှန်ပါပဲ ။

အဲ့ဒီကောင်လေးက သူကားဘက် ဆတ်ကနဲလှည့်ကြည့်၏ ။ သူမလုံမလဲနှင့် အကြည့်ကို အရှေ့ရွှေ့ပစ်သည် ။ မမြင်ရမှန်းသိပေမယ့် စိုးရိမ်စိတ်က၏
မီးပွိုင့်စိမ်းတော့ သူတို့ကားလေးက လျှောကနဲ အလျင်ဆုံးထွက်သွားတယ် ။ ကြည့်ရတာ ကားမောင်း အတော်လေးကြမ်းတယ် ထင်ပါတယ် ။ ဘာရယ်မဟုတ် သူနည်းနည်းပြုံးလိုက်မိသည် ။ တွေးမရသည့်အတူတူ အထူးတလည် တွေးမနေတော့ပါ ဒါ အရေးကြီးတဲ့ ကိစ္စလည်း ဟုတ်မှမဟုတ်တာ......
----------------------------------
suho- " ငယ်လေး"

baek- " Nae noona "

suho- " မင်း ရော ဘာဝတ်မှာလဲ...
စီစဉ်ပြီးပြီလား "

Baek- " အင်း "

baekhyun က ခပ်တည်တည် ခေါင်းညိမ့်၏ ညနေ sehunတို့အိမ်သွားမှာ မပြောဖြစ်ပါ။ Eommaကို တိတ်တိတ်ကလေးပြောပြီး သွားမှာ။ Baekhyun က ကိုယ့်အကြံလေးနှင့် ကိုယ်ပြုံးနေမိပါသည် ။

Sehun - " အဲ့ဒါများကွာ  ဧည့်သည်ကို မြင်ဖူးအောင်စောင့်ကြည့်ခဲ့ပါတော့လား ...အညံ့ခံလို့ "

Baek - " ဟာကွာ စိတ်မဝင်စားပါဘူး "

Baekhyun က Sehun ဆီရောက်တယ်ဆိုတာနဲ့ အိမ်က အဖြစ်တွေ ချက်ချင်းပြန်ဖောက်သည်ချတော့ sehun က ရွစိတက်လာရော ...

chanbaek မြတ်နိုးသူ ( Yaoi )Where stories live. Discover now