Part- 30

81 19 1
                                    

yeol - " ဟင် "

စားသောက်ခန်းထဲ လှမ်းကြည့်ရင်း chanyeol မျက်မှောင်ကြုတ် သွားရသည်။ Baekhyunက ထမင်းစားပွဲလေးမှာ တစ်ဦးတည်း ထမင်းစားနေသည်။
သူနာရီကို ကြည့်မိတော့ နေ့လည်တစ်နာခွဲတိတိ ။
စောစောတုန်းက သူ ထမင်းစားခါနီး ခေါ်တော့
" ကျနော် စားပြီးပါပြီ " ဟု မော့မော့တင်းတင်းကလေး ဖြေခဲ့သေးတာ အခုမှ အညာမိတော့သည်။ ကိုယ်ကတော့ သူ့ကို ဒီမှာ လူသစ်မို့ အစစအရာရာ ဖေးမပေးချင်တာ ။ သူက ဘာသဘောမှန်း မသိပါ။

သူ တစ်ချို့ဋ္ဌာနတွေ စစ်ဆေးရန် အခန်းထဲက ထွက်လာပြီး ထမင်း စားခန်းကို အဖြတ် မမျှော်လင့်ပဲ လှမ်းကြည့်မိကာမှ ခုတော့ သူနှင့် တန်းတိုးတော့သည်။
ကိုယ့်ကို ညာစရာလား။ မဆာသေးလဲ မဆာသေးဘူးပေါ့ ။ ကိုယ်က အပြစ်တစုံတရာ တင်မှာတဲ့လား ။
မကျေမနပ်နှင့် သူရပ်ကြည့်နေပေမယ့် baekhyunက ကျောပေးထားတော့ သူ့ကိုမမြင်ပါ။

ပထမတော့ ဒေါသနှင့် အနားကပ်သွားမလို့ပါပဲ။ နောက်တော့လဲ စိတ်အနှောက်အယှက် မပေးချင်တာမို့ လှည့်ထွက်လာခဲ့သည်။ ဘာမဟုတ်တာလေးကိုပဲ သူက လိမ်လည်ပြောဆိုတတ်တာ ။ Chanyeol ခေါင်းယမ်းမိသည်။ Baekhyunကို သူနားမလည်နိုင်တော့ပါ။
ဒီမှာက ထမင်းစားချိန်ရယ်လို့ အချိန်အတိအကျ သတ်မှတ်ထားတာလည်း မဟုတ်။ ဆာရင်ဆာသလို ဝင်စားခွင့်ရှိတာ ။ သူနှင့်အတူ ထမင်းစားတော့ ဘာဖြစ်မှာမို့လဲ။

ဘာသဘောနဲ့ မင်း ဒါမျိုးတွေ လုပ်ရတာလဲ baekhyun ရယ်။ ရင်ထဲမှာ တော်တော်ရှုပ်ထွေးသွားသည်။

သူ ခုံတန်းလေးမှာထိုင်ချရင်

yeol - " Junhyuk ရေတစ်ဘူး ယူခဲ့စမ်းကွာ "

ဟု အတွင်းရေးမှုးကိုပဲ ခိုင်းလိုက်တော့သည်။

ခုံမှာထိုင်ချပြီး သူ အသက်ပြင်းပြင်း ရှုနေမိသည်။ အစကတည်းက မပက်သက်ချင်သလိုလို အရောတဝင် မနေချင်သလိုလိုနှင့် ဘာပုံစံမှန်းကို မသိပါ။ ကိုယ့်ထက်ပါးနပ် လျင်မြန်နေတော့ သူတို့လေးတွေကို ကိုယ်နားမလည်နိုင်ပါ။ ဘာအဓိပ္ပါယ်နှင့် ဘာတွေလုပ်နေမှန်းမသိ။

junhyuk က ရေတစ်ပုလင်း ယူလာပေးသည်ကို ဖွင့်ပြီး တစ်ဝက်တိတိသောက်လိုက်ပေမယ့် ရင်ထဲမအေးပါ။

chanbaek မြတ်နိုးသူ ( Yaoi )Where stories live. Discover now