" ဧည့်သည် " ဟု sehun ကို လာခေါ်တော့ sehunက ဘယ်သူများလဲ ဆိုပြီး ထွက်လာတာ ဧည့်ခန်းမှာ KyunSoo ကိုမြင်တော့ အံ့သြသွားမိသည်။
Hun- " kyungsoo ! "
Soo- " အေး sehunနေကောင်းလား "
Hun- " မင်း ဘယ်သူနဲ့လာတာလဲ "
Soo- " ဟဲ ဟဲ " မျက်နှာလေးက မချိုမချဉ် ပြုံးစပ်စပ်။ sehunက အိမ်ရှေ့ရပ်ထားသော ကားထဲလှမ်းကြည့်ပြီး
Hun - " ဝါး.. ဟရောင့် အဲ့တာ မင်းလူကြီး မလား " ဟု မေးလိုက်တော့
Soo- " အေး ဟုတ်တယ် Kai hyung ဆိုတာလေ "
sehun က kyungsoo ကို မျက်စောင်း ထိုးသည်။
Hun- " မိုးမမြင် လေမမြင်ပေါ့လေ "
Soo- " မဟုတ်ပါဘူး "
Hun- " ညာချင်သေးတယ် "
kyungsoo က ရီနေတာကိုရပ်ရင်း……
Soo- " ဟရောင် …အရေးကြီးကိစ္စ ရှိလို့ ငါလာခဲ့တာ "
Hun- " အင်း ပြောလေ ဘာကိစ္စ ရှိလို့လဲ "
Sooက သူနေရာကနေ Hun ဘေးသို့ ချက်ချင်း ပြောင်းထိုင်ကာ
Soo- " Baekhyun နဲ့တွေ့သေးလား "
Hunက သက်ပြင်းတစ်ချက်ရှိုက်ကာ
Hun- " ဒီကောင် ဘာဖြစ်နေမှန်းကို မသိပါဘူးကွာ "
Soo- " ငါ ဖုန်းဆက်နေတာ 3ရက်ရှိပြီ မကိုင်ဘူး အဲ့ဒါကြောင့် မင်းအိမ်ကို လာခဲ့တာ "
Hun- " ဟုတ်လား "
KyungSooက လုံးဝနားမလည်နိုင်တဲ့ပုံနဲ့ စဉ်းစားနေသည်။ sehunက ဘာကို ဘယ်လိုရှင်းပြနိုင်မှာလဲ။ Baekhyun ဘာဖြစ်နေတယ်ဆိုတာ sehunက သိပေမယ့် kyungsooကို ပြောဖို့ကျတော့ ခဲယဉ်းနေသည်။
ပြောရင် အစအဆုံးရှင်းပြရမှာ Baekhyunအရှက်ရမှာလဲစိုးသည်။Soo- " sehun တစ်ခုခု သိထားတယ်မဟုတ်လား … သူ ငါ့ကို ဘာလို့ ဒီလိုလုပ်ရတာလဲဟင်.. ပြောပြစမ်းပါ "
sehunအမူအရာပျက်နေတာကို kyungsoo အကဲခတ်မိသည်။
Hun- " မင်းကိုမှ မဟုတ်ဘူး ငါ့ကိုလဲ စကားဟက်ဟက်ပက်ပက် မပြောဘူး..
ပြောတစ်ခွန်း မေးတစ်ခွန်းနဲ့ ဖုန်းချသွားတာပဲ "
YOU ARE READING
chanbaek မြတ်နိုးသူ ( Yaoi )
Fanfictionchanbaek KaiSoo Sulay Xiuchen KrisTao Sehun Luhan Main ကတော့ Chanbaek ပေါ့ Yaoi vers လေးပါ