Chanyeol ဆံပင်တွေကို သေချာဖြီးရင်း HyunJung hyung ပြောတာတွေကိုပြန်သတိရမိသည်။
Soo-" hyung"
yeol- " hmm"
soo-" ကားအဆင်သင့်ဖြစ်ပြီတဲ့ "
yeol- " ညီလေးရော လိုက်မလား "
soo- " မလိုက်ပါဘူး "
Chanyeol ပြုံးတု့န့်ပြုံးတု့န် ဖြစ်သွားသည် ။
yeol - " ကဲပါကွာ... မတော်ရင်လဲ မဝတ်နဲ့ hyung တစ်ထည် ထပ်ဝယ်ပေးပါ့မယ်... ဟုတ်ပြီလား "
အခုမှပဲ KyungSooမျက်နှာက ပြုံးလာနိုင်သည်။
soo- " ဒီတစ်ခါ သား ကိုယ်တိုင်လိုက်ရွေးမယ် သိလား "
yeol- " အင်း အကောင်းဆုံးပေါ့ "
Chanyeol က Kyungsoo ခေါင်းလေးကို ပုတ်ကာ ကားထဲဝင်လိုက်သည် ။
Jae - " Hyung မောင်းမှာလား "
Yeol - " အေး...ရတယ် နေ...နေ... ညီလေး သွားစရာရှိရင်သာ လိုက်ပို့လိုက် ငါပဲမောင်းသွားမယ် "
Jae- " ဟုတ်ကဲ့ "
Yeol- " Aww ငါ နည်းနည်းနောက်ကျမယ်... အိမ်တော်ထိန်းSung နဲ့ Arjima ကိုပြောလိုက် လုံခြုံရေးကို သေချာကြပ်ထားလို့ မင်းလည်း လျှောက်လည်မနေနဲ့ ကြားလား အိမ်မှာပဲ ကောင်းကောင်းနေ "
Jae-" ဟုတ် "
Yeol- " ဟိုကောင်တွေကို မိုးချုပ်တာနဲ့ လွှတ်ပေးလိုက် "
Chanyeolက အနက်ရောင် အမြီးဖြတ်ထားတဲ့ ခွေးကြီး4ကောင် ခြံကို ကြည့်ရင်းပြောလိုက်သည်။
Yeol- " ငါ ပြန်လာရင် မင်းအိမ်မှာ ရှိပါစေနော် "
Jae- " စိတ်ချပါ "
Yeol- " အေးပါ...စိတ်ချပါတယ် ငါရောက်ချိန်လေးမှန်းပြီး မင်းနည်းနည်း စောရောက်နေမယ်ဆိုတာ ဒီတစ်ခါထပ်ပြီး ရဲစခန်းရောက်လို့ကတော့ မင်းAppa အိမ်တော်ထိန်းSung ရော ငါရော လာထုတ်ပေးမယ် မထင်နဲ့ ပစ်ထားလိုက်မှာ "
Jae- " ဟာ Hyung ကလည်း ကျွန်တော် လိမ္မာနေပါပြီဗျ ဘယ်မှမသွားဘူး စိတ်ချ "
Yeol - "ပြောလိုက်ရင် ဖြူးနေတာပဲ "
Chanyeol ကားကိုညင်ညင် သာသာ မောင်းထွက်လာခဲ့သည်။ ရေချိုးပြီးစမို့ သူလန်းလန်းဆန်းဆန်းနှင့် ကြည်ကြည်ရွှင်ရွှင် ဖြစ်နေတာ အမှန် ။
အန်ကယ်Kris တို့ အိမ်ရှေ့ရောက်တော့ ခြံတံခါးက အဆင့်သင့်ဖွင့်ထားသည် ။
YOU ARE READING
chanbaek မြတ်နိုးသူ ( Yaoi )
Fanfictionchanbaek KaiSoo Sulay Xiuchen KrisTao Sehun Luhan Main ကတော့ Chanbaek ပေါ့ Yaoi vers လေးပါ