part- 31

75 16 2
                                    

Soo - " Hyung ပြန်လာပြီ "

chanyeol ပြန်လာတော့ KyungSooက အပြေးကလေး လာကြို၏။
ဒီနေ့ အားလပ်ရက်ပေမယ့် သူကတော့ မနားရပဲ တခြားလုပ်စရာ ရှိတာတွေ လုပ်နေရတာ။ အိပ်ပြန်ရောက်တော့ ညနေစောင်း အချိန်ပင်ဖြစ်နေပြီ။ ဧည့်ခန်းထဲ လှမ်းဝင်လိုက်တော Kai ကို ပထမဆုံးတွေ့ ရပြီး TV ရှေ့မှာ ခေါင်းချင်းဆိုင် ကပ်မတတ် ပူးကပ်နေပြီး မဲ့နေသော sehun နှင့် baekhyun ပါးစပ်ကလဲ ပေါက်ကရတွေ အော်နေသေးသည်။

တကယ့် ကလေးတွေပါပဲ   game ကစားလဲ အေးအေးဆေးဆေး မရှိဘူး။ ဘာလေးတွေမှန်း မသိပါဘူး။

Soo - " Hyung ရော့... သောက်ပါအုံး "

ဒီနေ့မှ kyungsoo က ဝတ္တရားကျေကျေ သံပုရာရည်တွေ ဘာတွေအဆင့်သင့် လုပ်ထားလို့။
သူ မျက်ခုံးနှစ်ဖက်ကျုံ့မိရင်း တစ်ခုခုပဲဟုသိသည်။

yeol - " ကဲ ငါ့ကို မျက်နှာလုပ်ရတဲ့ ကိစ္စက... "

Soo - " အဟင်း "

KyungSoo က မလုံမလဲ ရယ်သည်။

Soo - " ညီ တို့ အပြင်သွားကြမလို့ "

yeol  - " အေးပါ ကြွ ကြွ "

သူ့ကို အိမ်စောင့်ထားရစ်ဖို့ ကြိုတင် ကြံစည်ထားကြပုံ။

Soo - " hyung ပါ.. လိုက်ခဲ့လေ "

yeol  - " ဟေ..  "

ဒီတစ်ခါ သူနည်းနည်း အံ့အားသင့်သည်။

yeol - " ဘယ်သွားမလို့လဲ "

Soo - " ရုပ်ရှင်ကြည့် ညစာ စားပေါ့ "

yeol - " အာ.. ညီလေးတို့ပဲ သွား... hyung ပင်ပန်းလာလို့ "

chanyeol ချက်ချင်းငြင်းဆန်မိပါသည်။ ဒီကောင်လေး သုံးယောက်နှင့် အပြင်ထွက်ဖို့ဆိုတာ လေး ၊ ငါးရက်လောက် အချိန်ယူ စဉ်းစားရင်တောင် မဖြစ်နိုင်တာ ။

Soo -  " တစ်ခါတစ်လေပဲ.. hyung ရဲ့ "

yeol - " ကျေးဇူးပဲကွာ.. hyung   မလိုက်တော့ဘူး "

Soo - " လိုက်ခဲ့ပါဆို "

Kai က သူ့ကို ကြည့်ပြီး ရယ်ချင်နေပုံမျိုး ။

yeol - " မင်း မြှောက်ပေးတာလားကွ... ဟေ "

kai  - " ဟာ.. မဟုတ်ပါဘူး "

chanyeol မေးတာကို Kaiက အမြန်ငြင်းသည်။

yeol - " ငါသိပါတယ်.. ဒါ.. မင်းအကြံပဲ.. မင်း ငါ့ပါ ဆွဲချတာပေါ့ ဟုတ်လား... ဒီကောင်လေး သုံးယောက် နဲ့ မင်းတစ်ယောက်ထဲ ခေါင်းတစ်လုံး ကုန်သွားမှာကြောက်လို့ မဟုတ်လား ပြောစမ်း "

baekhyun က သူ့ဘက်ကို ဆတ်ကနဲ လှည့်ကြည်သည်။ သူနဲ့ မျက်လုံးချင်းဆုံတော့ chanyeol အမ်းတန်းတန်းဖြစ်ရသည်။

စကားစပင် ဆက်ဖို့ ခက်ကာ သူတိတ်ဆိတ်သွား၏။ သူ့အကြည့်လေးတွေက အဓိပ္ပါယ်ပေါင်းများစွာ ပါဝင်နေသလိုပါ။
သူ့ကို တစ်ခုခုပြောချင်ပုံလေး။ သူနှင့်မျက်လုံးချင်း ဆုံတော့လဲ ဖျတ်ခနဲ မျက်လွှာချကာ TVဘက် ပြန်လှည့်သွား၏။

yeol - "အင်းလေ.. အေးအေးဆေးဆေး သွားကြတာပေါ့ hyung ရေချိုးဦးမယ်..  ဟုတ်ပြီလား "

သူတို့ အုပ်စုနှင့်အတူ အပြင်သွားဖို့ သူအလွယ်တကူ လက်ခံလိုက်မိသည်။

baek - " kyungsoo... "

Soo - " ဟင်.. "

baek - " စောစောတုန်းက ဖုန်းလာတာ ပြောလိုက်ဦး "

baekhyunအသံလေးကြောင့် သူ ခြေလှမ်းတွေ တန့်ချင်ချင်။ ကိုယ့်အခန်းထဲ လျှောက်လာမှ သူက kyungsoo ကို လှမ်းသတိပေးလိုက်တာ ။

Soo - " ဟုတ်သားပဲ.. hyungရေ "

yeol - " ဟေ "

Soo - " စောစောက hyung မိတ်ဆွေ ' Mr....' ဆီက ဖုန်းလာတယ်.. သိလား  hyung.. ဖုန်းခေါ်မရလို့တဲ့ ပြန်လာရင် ဖုန်းပြန်ဆက်ပေးပါတဲ့ "

kyungsoo က သူ့ကို လှမ်းပြောသည်။

yeol - " အေးပါကွာ.. ဆက်လိုက်မယ် "

သူအခန်းထဲကို ဝင်လာရင်း baekhyun သူ့အပေါ် ဂရုတစိုက် ရှိတတ်တာကို တွေးမိလာသည်။ သူ့ကိစ္စကို မှတ်ထားပေးသား။

တစ်ခါတစ်လေ ကလေးဆန်တာကလွဲရင် မင်းဟာ အရမ်းလိမ္မာတဲ့ ကောင်လေးပါပဲ။ အဲ့ဒီဆိုးတတ်တဲ့ အကျင့်လေး ဖျောက်ကွာ။ 
     သူတိတ်တဆိတ် တိုက်တွန်းနေမိသည်။

------------------------------------------------------

chanbaek မြတ်နိုးသူ ( Yaoi )Where stories live. Discover now