Part- 17

127 17 0
                                    

Park Chanyeol ပြန်သွားတော့ baekhyun ချက်ချင်းပဲ Sehun ဆီ ဖုန်းဆက်သည်။

baek- ' sehun ရေ... လာခဲ့ဦး '

Sehun - ' ဘာဖြစ်လို့လဲ baekhyun  '

baek- ' အရေးတကြီးပြောစရာရှိလို့ပေါ့ '

Sehun- ' အင်း... အိမ်မှာ ကားမရှိသေးဘူးဟာ ခက်တာပဲ'

Baek- ' ဟာ ကားက ဘယ်သွားနေတာလဲ... ဘယ်တော့လာမှာလဲ ငါ ပြောချင်လှပြီဟာ အရမ်းလဲ စိတ်ညစ်တယ်'

Baekhyun အသံလေးက စိတ်မရှည်သံ။ အမောတကောလေး...

Sehun - ' ကားက အခုပြန်လာမှာပါ...ငါ Bubble Tea သွားဝယ်ခိုင်းထားတာ ငါလာခဲ့မယ် baekhyunရာ လောလိုက်တာ ခုဆိုခုပဲ ဘယ်လိုဖြစ်တာလဲ... ငါကားပြန်ရောက်ရောက်ချင်း လာမယ်သိလား '

Baek- ' အင်း မြန်မြန်လာနော် '

Sehun- ' အေး အေး '

Sehunကလည်း Baekhyun စကားကို စိတ်ဝင်တစားပါပဲ။

Tao- 'သားလေး'

Baek- ' Nae eomma '

Eomma က Baekhyun ဘေး ရောက်လာသည်မို့ တုန့်ခနဲဖြစ်ရင်း eomma ဘက်လှည့်ကြည့်သည်။

Tao- ' ဘယ်သူနဲ့ဖုန်းပြောနေတာလဲ သား '

Baek- ' သား ဆက်တာပါ sehàunဆီကို '

Eomma က တစ်စုံတစ်ရာ ဆက်မေးလိုက်မှာ Baekhyunစိုးထိတ်ပေမယ့် Eomma က ဘာမှ ဆက်မမေးပါ။ Baekhyunစိတ်ထဲကို eommaဘယ်လိုသိမှာလဲ ။

Tao - ' သား ခေါင်းမူးရင် အိပ်ယာထဲလှဲနေရတယ် '

Baek - ' အင်းပါ eommaရဲ့ '

Tao - ' တော်ကြာ မူးလဲရင်ခက်မှာ '

Eommaက Baekhyun ကို အိပ်ယာပေါ်လှဲစေပြီး စောင်ခြုံပေးသည်။

baek - ' eomma သား အိပ်ပျော်သွားလို့ sehun လာရင် အခန်းထဲလွှတ်လိုက်နော် သားနဲ့ sehun က ကိစ္စရှိလို့ '

Tao - ' အင်းပါ...လာရင်လွှတ်ပေးမှာပေါ့ သားလေးရဲ့ ... အိပ်ချင်လဲ အိပ်ပျော်အောင်အိပ်လိုက် '

Tao က ပြောပြီး အခန်းတံခါးလေးပိတ်ကာ ပြန်ထွက်သွားသည်။

baek pov: ဘယ်လိုလုပ်အိပ်ပျော်မှာလဲ Eommaရယ် သား ရင်ထဲမှာ ဘာတွေဘယ်လို ဖြစ်နေမှန်း သားမသိတော့ဘူး...
Park ChanYeol ကို မြင်လိုက်ရတာ သား သွေးပျက်ခဲ့သည်။
သား အိပ်မက်လှလှလေး စိတ်ကူးရွရွလေး ဝုန်းခနဲ ပြိုကျပျက်စီးရတော့မလိုလို ။
ယောက်ျားလေး ဆိုပြီး အရေးမလုပ်လည်းနေပါ။
ကျနော့် အိပ်မက်လေးကိုတော့ အပျက်စီးမခံရပါစေနဲ့ ။
ကျနော် သိမ်းထားပါရစေ။ မျှော်လင့်နေပါရစေ။

chanbaek မြတ်နိုးသူ ( Yaoi )Where stories live. Discover now