part-21

112 20 0
                                    

baek - " nae !! "

Eomma စကားကို baekhyun တအံ့တသြလေး ဖြစ်ရပါသည်။

baek- " chanyeol hyun က သူ့ညီလေး kyunsoo ကို သား နဲ့ မိတ်ဆက်ပေးဖို့ အိမ်ခေါ်လာမယ် ဟုတ်လား "

Tao - " အင်း သားနဲ့ကတော့ အဖွဲ့ကျမှာပါ… ဟိုကလဲ ခပ်ဆိုးဆိုးလေး အဆိုးအဆိုးချင်းဆိုတော့ ပေါင်းလို့ရမှာပေါ့ "

Baek- " အာ… eomma နော် "

baekhyun က နှုတ်ခမ်းစူသည်။

baek- " သူ က ချောလား eomma "

Tao- " eomma လဲ မမြင်ဖူးသေးပါဘူး "

baek - " သား နဲ့တည့်ပါ့မလား.. တော်ကြာ ရန်ခဏခဏဖြစ်လို့ eomma တို့ စိတ်ညစ်နေရမှာပေါ့ "

Tao - " အဲ့ဒါကြောင့် သားကို ကြိုပြောထားတာ.. တည့်အောင်နေတတ် မှပေါ့ baekhyun ရယ်… နောက်ဆို အမျိုးတွေဘာတွေတော်ချင် တော်နေရမှာ "

baek - " သား က အသားလွတ် ရန်မဖြစ်တတ်ပါဘူး..ဒါပေမယ့် လာကြောလို့ကတော့ သည်းခံမှာ မဟုတ်ဘူး သိလား "

Tao- " ဟိုကလဲ သားလိုပဲနေမှာပေါ့ "

baek - " အင်း.. မပြောတတ်ပါဘူး.. အရမ်းခင်ရင်လဲ ခင်သွားနိုင်တာပဲ.. သူက ရည်းစားရှိလား … "

Tao - " eomma က ဘယ်သိပါ့မလဲ သားရယ် "

baek - " eomma ကလဲ "

Tao - " ဟုတ်တယ်လေ.. eomma သားမှာတောင် ရည်းစားရှိလား မရှိလား eomma သေချာမသိတဲ့ဟာ "

baek - " ဟာ.. eommaကလဲ သား မှာ ရည်းစားရှိမရှိ eomma မသိဘူး ဟုတ်လို့လား … eomma မှန်းကြည့်လေ… ရှိမရှိ "

eomma က ချစ်စနိုးလေးရယ်ပြီးမှ…

Tao - " မရှိဘူးထင်တာပဲ… မဟုတ်ဘူးလား " ဟုမေးတော့

baek - " သား ကို eomma  အထင်သေးတာပဲ ၊ သားက ကျောင်းမှာ king နော် သားနဲ့ တွဲချင်နေတဲ့ မိန်းကလေးတွေမှ အများကြီး "

Tao - " ဟယ်… ငါ့သား က ရည်းစားရှိနေပြီ ဟုတ်လား "

eomma ရင်ဘတ်ဖိတော့ baekhyun ကျေနပ်သွားပြီး

baek - " ဒီလိုအထင်ကြီး စမ်းပါ eomma ရာ "

Tao - " ကြည့်စမ်း… eomma ကို စ စရာမှတ်နေလား "

Baekhyunက ခေါင်းလေးပု လျှာလေးထုတ်ပြီး ထလစ်တော့
ဧည့်ခန်း အဝင်တံခါးနားမှာ ဘာကို သဘောကျပြီး ပြုံးနေမှန်း မသိ ပါးချိုင့်ကြီး ခွက်ဝင်နေအောင် ပြုံးနေပြီး မိမိကို ကြည့်နေသော  Park chanyeol ကြီး နှင့် တိုးတော့သည် ။ baekhyun လဲ ခေါင်းလေးငြိမ့် နူတ်ဆက်ပြီး ကိုယ့်အခန်းကိုသာ ပြန်ခဲ့သည် ။

chanbaek မြတ်နိုးသူ ( Yaoi )Where stories live. Discover now