uncle kris ကို တွေ့တော့လဲ သူဘယ်ကစပြီး ဘာပြောရမှန်းမသိပါ။ ဖုန်းဆက်ပြီး လာတွေ့ချင်ပါတယ် ဟု သူကိုယ်တိုင်ပဲ တောင်းဆိုခဲ့တာ။
Kris - " ကဲ... chanyeol ပြော "
yeol - " nae..... ကျွန်တော်.... "
Kris - " အင်း... မင်း.. ပြောစရာရှိတယ်ဆိုတော့ uncle လဲ မျက်ခုံးလူပ်သား.... ဒါပေမယ့် မင်း.. ရဲရဲသာ ပြောကွာ အားနာစရာမရှိပါဘူး... "
yeol - " ကျွန်တော် ဆုံးဖြတ်ရခက်နေတယ် uncle "
Kris - " ဘာများတုန်းကွ.... "
yeol - " uncle ကို ကျွန်တော် တိုင်ပင်ချင်တာပါ... "
kris - " ရပါတယ်... လွတ်လွတ်လပ်လပ်သာပြော.. "
yeol - " baekhyun ကို ကျွန်တော် လက်ထပ်ရင် ဖြစ်မလား uncle... "
kris - " ဟေ...... "
Kris ကိုယ်ကြီး မတ်လာ၏။ တပ်ထားသော မျက်မှန်ကြီးကို ချွတ်ပြီး စဉ်းစားနေ၏။
kris - " ဖြစ်မလားဆိုတာ မင်း..ဘာကိုပြောတာလဲ... "
yeol - " baekhyun ယောကျာ်းလေး ပြီးတော့ ကလေးအရမ်းဆန်တယ်... ငယ်သေးတယ်.. ဒါပေမယ့် ကျွန်တော် သူ့ကို မြတ်နိုးနေမိပြီ.. အဲ့ဒါ.. "
Kris - " မင်းကွာ... ဒါ.. ငါ့ လာတိုင်ပင်ရတယ်လို့.... "
Kris အခက်တွေ့သွားသည်။
Kris - " မင်းက ဘယ်လိုဆုံးဖြတ်ထားလို့လဲ "
yeol - " အမှန်အတိုင်းဝန်ခံရရင် ကျွန်တော် ကြိတ်မှိတ်ပြီးရအောင်နေခဲ့တာပါ... ဒါပေမယ့် နေလို့မရတော့ဘူး... baekhyun ကို ကျွန်တော်. "
kris လက်ကာပြလိုက်သည်။
kris - " ကောင်းပြီလေ... ငါအိမ်မှာ မေးကြည့်အုံးမယ်.... မင်းကို သားလေးနဲ့ သဘောမတူစရာမရှိပါဘူးကွာ.. ယောကျာ်းလေး မိန်းကလေးဆိုပြီး Uncle ရော မင်း aunty ရော မသတ်မှတ်ထားဘူး , သူက ငယ်သေးတယ် တစ်အိမ်လုံးက အရမ်းချစ်ပြီး အလိုလိုက်ထားတော့ ဆိုးချင်တယ်..အဲ့ဒါ တစ်ခုပဲ.."
yeol - " ကျွန်တော် နားလည်ပါတယ် uncle "
chanyeol ရင်ထဲ အခုမှ ပေါ့ပါးသွားတော့သည်။
yeol pro : baekhyun ရယ်..... ကိုယ်အရူံးပေးလိုက်ပါပြီ..... ။
ဆန္ဒတွေကို ဖိနှိပ်ချိုးကွယ် မထားတော့ပါဘူး ။
ကိုယ့်စိတ်နဲ့ကိုယ် ရန်ဖြစ်နေခဲ့ရတဲ့ ရက်တွေမှာ ဘယ်လောက် ပင်ပန်းခဲယဉ်းနေခဲ့သလဲဆိုတာ မင်းကိုသိစေချင်တယ် ။
ကလေးဆန်လွန်းတဲ့ မင်းကို လန့်စိတ်နဲ့ ရှောင်ဖို့ ကြိုးစားခဲ့မိတာ မင်းနားလည်ပေးပါ။ကိုယ် မင်းကိုမချစ်ပဲ မနေနိုင်တော့ဘူး ။
--------------------------------------------------
YOU ARE READING
chanbaek မြတ်နိုးသူ ( Yaoi )
Fanfictionchanbaek KaiSoo Sulay Xiuchen KrisTao Sehun Luhan Main ကတော့ Chanbaek ပေါ့ Yaoi vers လေးပါ