part- 14

129 19 0
                                    

ကော်ဖီခွက်ကို စားပွဲပေါ်ပြန်ချခိုက်မှာပဲ အိမ်ရှေ့ပေါ်တီကိုအောက်မှာ ကားတစ်စီး တုံ့ကနဲရပ်တာ မြင်ရသည်။

Baek pov : ဒါ အိမ်ကကားတော့ မဟုတ်။ Park Chanyeol ဆိုတဲ့ လူကြီးပဲဖြစ်မှာ။

Baekhyun မျက်နှာလေးက အလိုလိုပြုံးကျသွားရသည် ။ အဲ့လူကို Baekhyun တစ်ခါမှမမြင်ဖူးသေးပါ ။
ကားတစ်ခါးဖွင့်လိုက်တာ ကြားရသည်။ တံခါးပြန်ပိတ်ပြီး အိမ်ပေါ်တက်လာတာလည်း ။ သိ၏။ baekhyun Dreambed လေးမှာ မှီလှဲရင်း လှည့်မကြည့် မိပါ ။ မျက်စိရှေ့ထိရောက်လာမှပဲ ကြည့်ဖို့ရည်ရွယ်သည် ။

Exo hyung တွေပါသော မဂ္ဂဇင်းလေးကို စိတ်ဝင်တစားကြည့်နေလိုက်၏ ။ စာအုပ်တွေကြားထဲ မဂ္ဂဇင်းကလည်း ပါ၏ ။

စာကျက်ရတာ ညည်းငွေ့လျှင် မဂ္ဂဇင်း လှန်လှောကြည့်ပြီး EXO hyung တွေရဲ့ မျက်နှာလေးကို ကြည့်ပြီး အမောဖြေရသည် ။

နေမကောင်းသေးတာမို့  မုန့်တွေတော့ eomma ကပေး မစားသေးပါ နို့မို့ဆို အနားမှာ မုန့်ထုပ်တွေ ပုံနေရော ။

yeol - " ဟင် "

ခြေစုံကိုရပ်ပြီး တအံ့တသြ နှင့် " ဟင် " ကနဲ ရေရွတ်တော့ baekhyunလည်း ဖျတ်ကနဲ မျက်လွှာလှန်ကြည့်သည် ။

baek- " oh god "

မဂ္ဂဇင်း လေးက ရင်ဘတ်ပေါ် အထိတ်တလန့် ပြုတ်ကျသွားသည် ။ မြင်လိုက်ရတာကို မယုံ ။ ဘယ်လိုမှ မယုံနိုင်ပါ။

သူ … သူ က Park Chanyeol တဲ့လား ။

Baekhyun ဘယ်လိုမှ မထင်မှတ်ထားသော အကြောင်းအရာ ။ ပါးစပ်ကလေး အဟောင်းသားနှင့် baekhyun ငေးကြောင်ကြည့်နေ၍ အံ့သြနေသည် ။

သူကလည်း baekhyun ကို စူးစူးကြီး စိုက်ကြည့်လို့ ။  မှတ်မိသလိုလို ဘာလိုလို ။
Baekhyun ရင်ထဲမှာ " ဟာ  " ခနဲ ဖြစ်ရသည်။
ကြေကွဲစိတ်က တလှိုက်လှိုက်တက်လာ၏ ။

မျက်လွှာဖြေးဖြေးချရင်း ခြေစုံရပ်နေသော သူ့ခြေထောက်တွေကို ကြည့်နေမိသည် ။
မထင်လိုက်တာ ။
နှုတ်ခမ်းတွေခြောက်ကာ ရေငတ်လာသလိုလို ။
ခေါင်းထဲမှာလည်း တဒိတ်ဒိတ်နှင့် မူးနောက်လာ၏။

ကံတရားကြီးရယ် ဆန်းကြယ်လိုက်တာ ။
သူ ကျနော့် ရှေ့ကို ဆိုက်ဆိုကိမြိုက် မြိုက်ရောက်လာရသလား ။

ဒါပေမယ့်……

-------------------------------------------------

chanbaek မြတ်နိုးသူ ( Yaoi )Donde viven las historias. Descúbrelo ahora