အနားမှာ စကားသံလိုလိုကြားနေရတော့ baekhyun မျက်လုံးဖွင့်ကြည့်မိပါသည်။ ဘယ်လိုက ဘယ်လို အိပ်ပျော်သွားမှန်းမသိပါ။
kyunsoo နှင့် Sehunက အခန်းဝမှာ ထိုင်ပြီး စကားတွေပြောနေတာ။
chanyeol hyung လဲ ရှိနေသည်။
အခန်းတံခါးလဲ ဖွင့်ထားပြီး လိုက်ကာလေးလည်း ဘေးကပ်ထားတော့ သူတို့ကို baekhyun လှမ်းမြင်နေရပါသည်။အောက်ထပ်မှာလဲ ရယ်သံ၊ စကားပြောသံ ၊ ဇွန်း ခက်ရင်းသံတွေကြားရ၏။
လူကြီးတွေစုံပြီမို့ စေ့စပ်ပွဲ စနေပြီထင်။
hyungက ဘာလို့ အောက်ထပ်မဆင်းပဲ kyunsoo တို့နှင့်လာထိုင်နေပါလိမ့်။
Baekhyun ဖြည်းဖြည်းလေး ထထိုင်သည်။sehun - " ဟော arjishi နိုးပြီ "
baek - " ခွေးကောင် ဘောမလို့ arjishi လား "
baekhyun မျက်စောင်းရွယ်းရင်း ချေပ၏။
Soo - " အောက်ထပ်မှာ စကားပြောနေကြပြီ၊ မင်းတော့ ဘာမှသိရမှာ မဟုတ်တော့ဘူး နောက်ကျသွားပြီ "
kyunsooကပါ စသည်။
yeol - " baekhyun မူးသေးလား "
chanyeol က အရေးတယူ လှမ်းမေးပါသည်။
baek - " ဟင့်အင်း...မမူးတော့ပါဘူး "
baekhyun မျက်လုံးလေးတွေ မှိတ်သွားတဲ့အထိ နွေးထွေးစွာ ပြုံးပြရင်း ဖြေမိသည်။
Soo - " အိပ်ပုပ်လိုက်တာ လွန်ရော "
လေးယောက်သား အောက်ထပ်ဆင်းခဲ့ကြ၏။
yeol - " ဖြေးဖြေးဆင်းစမ်း... မျက်နှာလဲ မသစ်ဘူး"
ခပ်တိုးတိုး သတိပေးလိုက်တာ၊ စလိုက်တာ hyung မှ ဟုတ်ရဲ့လားဟု baekhyun ဆတ်ခနဲ လှည့်အကြည့် ခြေထောက်လေးက လေထဲလွင့်ကာ ရင်ထဲ အေးခနဲ ဖြစ်ပြီး လှေကားပေါ်မှ တဆင့်ချင်းလိမ့်ကျသည်။
yeol - " baekhyun !!! "
Tao - " အမယ်လေး... သားငယ်!!! "
soo - " ဟဲ့...ဟဲ့... "
sehun - " လုပ်ကြပါအုံး "
အရင်ဆုံး ဘေးနားရောက်လာသူက chanyeol hyung ပြီးတော့ eomma ၊ sehun နှင့် kyunsoo နောက်တော့ baekhyun ဘေးမှာ လူတွေ ဝိုင်းဝိုင်းလည်ကုန်သည်။
baek - " အား.... နာတယ်.... အရမ်းနာတယ် "
baekhyun မချိမဆန့် ညည်းသည်။
VOUS LISEZ
chanbaek မြတ်နိုးသူ ( Yaoi )
Fanfictionchanbaek KaiSoo Sulay Xiuchen KrisTao Sehun Luhan Main ကတော့ Chanbaek ပေါ့ Yaoi vers လေးပါ