Ting…Ting…
ဖုန်းမြည်သံကြားတော့ Chanyeol ဆတ်ခနဲ့ဖြစ်ရသည်။
Uncle Kris အဆင်သင့်မဖြစ်သေးတာမို့ သူစောင့်နေမိတာ သူရောက်လာတာ တော်တော်စောသည်ပဲ ။yeol- " hello "
someone- " ဟင်…"
သူကောက်ကိုင်လိုက်တော့ တစ်ဖက်က "ဟင်" ခနဲရေရွတ်၏။ ပြီးတော့… တိတ်ဆိတ်၍ ငြိမ်ကျသွားသည်။
yeol- " hello… "
baek- " ဟို… baekhyun ပါ eomma နဲ့ ပြောမလို့ "
အသံတိုးတိုးလေးက တော်တော် ပျော့သည်။
yeol- " baekkhyun လား… စာတွေရပြီလား "
baek- " ကျက်တုန်းပဲ…"
yeol- " အစောကြီး နိုးသားပဲ "
baek- " မအိပ်သေးတာ အခုမှအိပ်မလို့ "
yeol- " Awww… "
baek- " eomma ရော မနိုးသေးဘူးလား… "
yeol- " နိုးနေပါပြီ uncleအတွက် ပြင်ဆင်ပေးနေတယ် "
baek- " Aww appa ဂေါက်ရိုက်သွားမလို့ ထင်တယ် "
yeol- " ဟုတ်တယ် ကိုယ်လဲလိုက်သွားမယ်လေ "
baek- " ဒါကြောင့်မို့ chanyeol hyung က ရောက်နေတာကိုး… "
yeol- " Inn… uncle မပြီးသေးတာနဲ့ စောင့်နေတာ "
Baek- " Awww"
သူပြောစရာ မရှိတော့သလို တိတ်သွား၏။
ရွှန်းရွှန်းဝေအောင် ရှာကြံပြောတတ်တာ ကိုယ်သိပါတယ် Baekhyun။ မင်း ဘာလို့ တိတ်ဆိတ်နေရတာလဲ ။
ကိုယ်နဲ့ စကားမပြောချင်တာ ဘာကြောင့်လဲ။
သူ စဉ်းစားလို့ပင် မရပါ။baek- " eomma မအားလဲ အိပ်ယာထမှပဲ ကျနော် ပြန်ဆက်လိုက်တော့မယ် ရတယ် မခေါ်ပေးနဲ့တော့ "
yeol- " မှာစရာရှိတာ မှာခဲ့လေ "
baek- " ဟင့်အင်း … မရှိပါဘူး "
ကိုယ်နဲ့ဆို စကားတစ်ခွန်းမှ အပိုမဆိုချင်ပုံနှင့် ခပ်တန်းတန်း ခပ်ဖယ်ဖယ်။ တဖြည်းဖြည်းနဲ့ သူသေချာ သိလားသည်။
baek- " ဒါပဲနော် "
လျင်လျင်မြန်မြန်ပဲ ဖုန်းချသွားတော့ Chanyeol ငိုင်တွေကျန်ရစ်သည်။ သူ့အတွေးတွေ ရှုပ်ထွေး လာသလိုပါ။ ဒီဟာလေးအပေါ် သာမန်ထက် ထူးကဲပြီး စိတ်ဝင်တစား ဖြစ်နေမိသလား။
ကိုယ်တိုင်ကတော့ သူကလေးနှင့် တရင်းတနှီးဖြစ်သွားမှာကို ထိတ်လန့်လျှက် သူကလေးဘက်က အေးစက်လွန်းတာကိုကျတော့ ပုံမှန်မအဟုတ်ဘူးဆိုတာ သိနေပြန်ကာ မကျေနပ်ချင်သလိုလို။
သူ့စိတ်တွေ သူပင်နားမလည်ချင်တော့ပါ ။ Uncle Kris နှင့် Aunty Tao ထွက်လာတော့ Baekhyunဆီက ဖုန်းလာတာ ပြောပြမိသည်။
Tao- " ဟုတ်လား… Aunty ပြန်ဆက်လိုက်မယ် "
yeol- " သူ အိပ်မလို့ ဆိုလားပဲ "
မရေရာသလိုပြောတော့ Aunty Taoက ချက်ချင်း ဖုန်းဆက်ဖို့ပြင်သည်။
Kris - " Baekhyun eomma မင်းကိုယ့်ကို ကားနားအရောက် လိုက်ပို့ဦးလေကွာ… မေ့သွားပြီလား… သားဇောကပ်နေတာနဲ့... "
Tao- " စနေပြန်ပြီ"
Tao က Kris ကို မျက်စောင်းရွယ်ပေမယ့် ကားဘေးနားအရောက် လိုက်ပို့ပေးသည်။
Chanyeolက တစ်ဦးတည်း ရယ်နေရင်း ကားပေါ်ကိုတက်ထိုင်လိုက်တော့သည်။_______________________________________
![](https://img.wattpad.com/cover/142970045-288-k961403.jpg)
ESTÁS LEYENDO
chanbaek မြတ်နိုးသူ ( Yaoi )
Fanficchanbaek KaiSoo Sulay Xiuchen KrisTao Sehun Luhan Main ကတော့ Chanbaek ပေါ့ Yaoi vers လေးပါ