Part- 9

139 22 1
                                    

Baekhyun TV channel လိုင်းတွေ တစ်ခုပြီး တစ်ခု ပြောင်းရင်း ဘာလုပ်ရင်ကောင်းမလဲဟု စဉ်းစားနေမိသည် ။ game လဲ မဆော့ ချင်  ၊ Sehun ကလည်း ဆိုလ်းမှာမရှိ ။ သူ့ဖေဖေ ဂျယ်ဂျုကျွန်းကို အလုပ်ကိစ္စသွားတာကို အပန်းဖြေဆိုပြီးလိုက်သွားလည်နေတယ် ။

baek - "သူငယ်ချင်းကလည်း ရှားပါးလိုက်တာနော်"

Baekhyunက စိတ်ထဲမှညည်းညူလိုက်သည်။
စိတ်တူကိုယ်တူ ပြောမနာဆိုမနာ သူငယ်ချင်းသာရှားတာပါ။ အပေါ်ယံတိမ်တိမ်ကလေး ခင်မင်တာတွေ ကတော့ တစ်ပုံတစ်ပုံကြီး ။

Tao- " သားငယ်လေး "

baek- " nae "

Tao- " Eomma ဟိုဘက်ခြံခဏသွားမယ်… အိမ်မှာပဲနေနော် ကြားလား "

Baek- " သား လည်း လိုက်မယ် "

ရမုဒ်လေးကို ချပြီး လူက မတ်တပ်ရပ်ပြီးသား။

Tao- " မလိုက်နဲ့ သားရယ် "

baek- " ဟင်…ဘာလို့"

Taoက လက်ကလေးကာပြသည်။

Tao- " မလိုက်ပါနဲ့ သားရယ်…ဟိုဘက်က ShinnMi arjimar က သူတို့ အိမ်ထောင်ရေး အကြောင်း တိုးတိုးတိတ်တိတ် တိုင်ပင်ချင်တာတဲ့ သားလိုက်လို့ ဘယ်ဖြစ်ပါ့မလဲ… နေခဲ့နော် eomma  ဖုန်းထားခဲ့တယ် သားAppa ဆီက ဖုန်းလာရင် eomma ဟိုဘက်အိမ်မှာလို့ပြော ကြားလား ဘာမှာလဲ မှတ်ထားဦး "

baek- " ဟာ… လိုက်ချင်ပါတယ်ဆိုမှ "

Tao - " baekhyun နော် ကလေးနဲ့မဆိုင်တာ"

baek- " eomma တို့ပြောတာ ဘယ်သူက နားထောင်မှာမို့လို့လဲ…  arjimar တို့ အိမ်မှာ ခွေးလေးတွေ ပေါက်နေတာ ကြည့်မလို့ "

Tao- " ကြည့်ချင်ရင် နောက်မှသွားစမ်း "

Baek- "ဟွန်း… ဘာမှန်းလဲမသိဘူး "

sofaပေါ် ဝုန်းခနဲထိုင်ချရင်း နူတ်ခမ်းဆူထားပေမယ့် eomma က ဂရုမစိုက်ပါ။ တဖျတ်ဖျတ်ဆင်းသွားတော့သည် ။ တော်တော်ဆိုးတဲ့ eommaပါလား ။
ဘယ်တော့မှ အလိုမလိုက်ဘူး ။
Sofa ပေါ် ခြေပစ်လက်ပစ် လှဲအိပ်ပစ်လိုက်သည်။

" Down Down baby ……… "

ရုတ်တရက် Appa ဖုန်းမြည်သံကြားတော့ Baekhyun ဆတ်ကနဲ ဖြစ်မိသည် ။ Appa ဖုန်းကျန်ခဲ့ပြန်ပြီလား Baekhyun မျက်နှာလေး ဝင်းခနဲ လက်သွားသည် ။

chanbaek မြတ်နိုးသူ ( Yaoi )Where stories live. Discover now