part-35

90 17 1
                                    

Tao - " သားငယ်လေး "

Tao က  10 နာရီထိုးတော့ baekhyun ကို နိုးရန် အခန်းထဲကို ရောက်လာခဲ့သည်။ အခန်းထဲကို ရောက်တော့ နဖူးလေးကို ကိုယ်ပူမပူ စမ်းပြီး နိုးလိုက်သည်။

baek - " အင်း........ "

Tao - " နိုးပြီလား ခြေထောက်ရော သက်သာလား သားကိုယ်လေး နွေးနေတယ်"

baek - " သက်သာပါတယ် eomma "

eomma က baekhyun ကို တွဲပြီး ရေချိုးခန်းကို လိုက်ပို့သည်။

Tao - " မျက်နှာသစ်ပြီး ရေပတ်တိုက်ပြီးပဲ ထွက်ခဲ့နော် ရေမချိုးနဲ့တော့နော် ကိုယ်က နွေးနေတာ ဖျားနေအုံးမယ်.... eomma လုပ်ပေးရမလား.. "

baek - " သား ကလေးမဟုတ်တော့ ပါဘူး eomma ရယ် ကိုယ်တိုင် လုပ်နိုင်ပါတယ် "

Tao - " အင်း.. အင်း.. ဒါဆို eomma အဝတ်တွေ ထုတ်ထားလိုက်မယ် အပြင်ရောက်မှ eomma လဲပေးမယ် ပြီးတာနဲ့ ခေါ်လိုက်နော် "

baek - " nae..  eomma "

baekhyun လဲ eomma စောင့်နေရမှာစိုး၍ မြန်မြန်လုပ်ကာ ရေချိုးခန်းထဲက ဖြေးဖြေး လှမ်း၍ ထွက်လာခဲ့သည်။
အပြင်ရောက်တော့ eomma က အင်္ကျီလဲပေးသည်။

Tao - " ထမင်းမစားနဲ့နော် eomma ဆန်ပြုတ် ပြုတ်ပြီးယူခဲ့ပေးမယ် ဒါမှ မဟုတ် အောက်မှာ  နွားနို့နဲ့ ပေါင်မုန့်ပဲ စားမလား "

baek - " အင်း.... အောက်မှာပဲ ပေါင်မုန့် စားမယ် eomma"

eomma  ကို တွဲပြီး ဖြေးဖြေးပဲ အတူတူဆင်းလာကြတော့။ eomma က

Tao - " သားလေးကို eomma သတင်း စကားတစ်ခု ပြောစရာရှိတယ် "

baek - " ဘာများလဲ eomma "

Tao - " သားရဲ့ suho  noona က ဟို ဖုန်းဆက်ဆက်နေတဲ့ သူ့ စီနီယာကို လက်ခံလိုက်ပြီတဲ့ "

baek - " ဘယ်လို... ဘာ.... ဘာကြောင့်လဲ eomma  "

baekhyun ထိတ်ထိတ် ပျာပျာ မေးမိသည်။  သူ့ကြောင့်လား ၊ တစ်ခုခုရိပ်မိသွားတာလား ၊ ရင်ထဲ ဟုန်းခနဲ ပူသည်။

Tao - " သူ့ဟာသူ စိတ်တိုင်းကျ ရွေးတာပါ "

baek - " ဟုတ်ရဲ့လား eomma ရယ် "

Tao - " eomma က သားကို ညာစရာလား "

baek - " chanyeol hyung ကို ထားပြီး သူက ဘာလို့ ၊ စီနီယာကို ရွေးရတာလဲဟင် "

chanbaek မြတ်နိုးသူ ( Yaoi )Donde viven las historias. Descúbrelo ahora