ညနေပိုင်းရောက်တော့ kyungsoo က ဖုန်းဆက်ဖော်ရသေးသည်။
Soo- " baekhyun မင်းသက်သာလား "
baek - " အင်း... သက်သာပါတယ် "
Soo - " အလုပ်တော့ မသွားနိုင်သေးဘူးပေါ့ ငါမင်းကို ခွင့်တိုင်ပေးထားတယ် "
baek - " အင်း... ကျေးဇူးပဲ "
Soo - " hyung က တစ်မျိုးကြီးပဲ သိလား... ဒီနေ့တစ်နေ့လုံး အိမ်မှာပဲ အခန်းထဲမှာပဲ... ပြီးတော့ စကားလဲ ဟက်ဟက်ပက်ပက် မပြောဘူး ..."
baek - " ဟင်... ဟုတ်လား "
Soo - " တစ်ခုခုကို အရမ်းစဉ်းစားနေပုံပဲ "
baekhyun ရင်တွေ တဒိတ်ဒိတ်ခုန်လာ၏။
Soo - " sehunရော... လာလား "
baek - " မလာဘူး.. "
Soo - " ငါ့ ဆီ စောစောက ဖုန်းဆက်တယ်... ညနေ မင်း အိမ်မှာဆုံမယ်တဲ့.. သူ ရောက်လာမှာပါ... နေဦး.. hyung ကို လိုက်မလားလို့ ခေါ်ကြည့်မယ်...သိလား "
kyungsooက တိုးဖွဖွလေးပြောသည်။
baek - " သူ လာချင်မှ လာပါစေကွာ.. မခေါ်ပါနဲ့တော့.. "
Soo - " ဟင်.. "
baekhyun စကားကို kyungsoo အံ့ဩသွားသည်။
Soo - " ဘာလို့လဲ"
baek - " စိတ်မပါပဲ လာရတာမျိုးကို မလိုပါဘူး "
Soo - " hyungက လူကြီးကွ "
baek - " ဘာဆိုင်လဲ "
Soo - " လူကြီးဆိုတော့ စဉ်းစားတာပေါ့.. မင်း ကလဲ ကလေးပဲ.. ဘာများ မာနထားနေစရာရှိလို့လဲ "
baek - " လူကြီးလဲ ချစ်ရင်တော့ ဟန်မဆောင်နိုင်ပါဘူးကွာ "
Soo - " မင်း လက်လျော့လိုက်ပြီလား "
baek -" ဟုတ်တယ်... တော်ပါပြီကွာ "
kyungsoo လဲ အားမပေးတတ်တော့ပါ။
Sehun နဲ့ kyunsoo လာကြည့်ပေမယ့် chanyeol hyung ပါမလာခဲ့ပါ။ လျစ်လျူရူ နိုင်တယ်ဆိုကတည်းက ဘာ သံယောဇဉ်မှ မရှိလို့ပေါ့နော် ။
----------------------------------------------
တိုသွားလားဟင်
![](https://img.wattpad.com/cover/142970045-288-k961403.jpg)
ŞİMDİ OKUDUĞUN
chanbaek မြတ်နိုးသူ ( Yaoi )
Hayran Kurguchanbaek KaiSoo Sulay Xiuchen KrisTao Sehun Luhan Main ကတော့ Chanbaek ပေါ့ Yaoi vers လေးပါ