part -39 Final

196 17 4
                                    

baek - " ဟင်... သား သူ့ကို လက်မထပ်ပါဘူး "

baekhyun ပြောတော့ အားလုံး အံ့ဩကုန်၏။

Appa စကားကြားတော့ baekhyun အရမ်းအံ့ဩသွားကာ ရင်ထဲအေးခနဲပင် ဖြစ်သွားသည် ။

chanyeol hyungက baekhyun ကို လက်ထပ်ခွင့်တောင်းသတဲ့ ။ Appa ကလဲ သဘောတူသတဲ့ ။ ကြားရတာတွေ ဟုတ်မှ ဟုတ်ရဲ့လား ။ သူ အိပ်မက်များ မက်နေသလား ။
ယုံ... မယုံချင်..။

Tao - " ဘာလို့လဲ သားလေးရဲ့ "

baek - " ဟင့်အင်း... သား လုံးဝ လက်မခံဘူး... "

Baekhyun ဇွတ်ငြင်းပစ်သည်။ စိတ်ထဲမှာ သူ့ကို နာနေမိသည်။ အစကတော့ သူပဲ ကင်းနိုင်အောင်ကြိုးစားပြီး အခုမှ ။ အပိုတွေ.. baekhyun ခံစားရအောင် သက်သက်နှိပ်စက်တာ...။

baekhyun လက်မခံဘဲ ခေါင်းရမ်းသည်။
Appa ကတော့ ဇွတ်မတိုက်တွန်းဘဲ ရယ်နေခဲ့၏။

hyung သာ Baekhyun ငြင်းတာသိရင် ဘယ်လောက်ဒေါပွသွားလိုက်မလဲ။
မကျေနပ်လည်း လဲသေ။ မတတ်နိုင်ဘူး ။

hyung က အရူံးပေးပါပြီဆိုမှ baekhyunနှလုံးသားတွေက အေးစက်မာကျောလာခဲ့သည်။
မကျေနပ်မူတွေက ရင်ထဲမှာအပြည့်... ။

မတွေ့အောင် ရှောင်နေဖို့ပဲ ဇွတ်တွေးထားသည်။ မရ ရအောင်ဆုံးဖြတ်ထားလိုက်၏။

Sehun & Soo - " အရူး.. ကျပ်မပြည့်တဲ့ကောင် "

KyunSoo နှင့်  Sehun က တလေသံတည်း အပြစ်တင်သည်။

Hun - " အိုက်တင်မခံနဲ့.. တော်ကြာ တကယ်ဝေးသွားဦးမယ်.. "

baek - " လုံးဝပဲ... ငါ တကယ်စိတ်နာနေတာ "

Soo - " မင်းကလဲကွား  ပျော်ရမယ့်အချိန်ရောက်မှ... "

Kyunsoo နှင့် sehun က အားမလိုအားမရဆိုသည်။

baek - " ငါ့ကို တမင်နှိပ်စက်တာပါကွာ  ၊ ငါ့ကို ချစ်ရင် ငါ့လာပြောပါလား.. ၊ ငါ စိတ်ဆိုးနေမှန်းသိသားနဲ့ မလာတာ ၊
Appa ကို ပြောစရာလား... Appa နဲ့ ယူမှာကြနေတာပဲ. ... ။ ငါလုံးဝ မကျေနပ်ဘူးကွာ... မုန်းတယ်!!! "

Baekhyunတစ်ယောက်တည်း တတွတ်တွတ်ရေရွတ်သည်။ ဒီတစ်ခါတော့ KyunSoo နှင့် Sehun လဲ နားချလို့မရတော့။

Baekhyunက အရမ်းစိတ်ကြီးနေသည်။
ဘယ်သူ ဘာပြောပြော နားကိုမဝင်တော့ပါ။
အမှန်တော့လည်း သူ hyung ကို မုန်းနိုင် မေ့နိုင်တာမဟုတ်။

chanbaek မြတ်နိုးသူ ( Yaoi )Where stories live. Discover now