part-25

106 16 1
                                    

ပါးစပ်ထဲကို လှီးထားတဲ့ အသားပြားလေးတွေ အဆက်မပြတ်ထည့်ရင်း...

baek - " eomma Tonkatsu က အရမ်းကောင်းတာပဲသိလား "

¡Ay! Esta imagen no sigue nuestras pautas de contenido. Para continuar la publicación, intente quitarla o subir otra.

baek - " eomma Tonkatsu က အရမ်းကောင်းတာပဲသိလား "

ထုံးစမ်းအတိုင်းပြောတော့ eomma က ဘေးနားက baekအတွက် ပိုလုပ်ထားတဲ့ Tonkatsu အသားပြားလေးတွေကို ထပ်ထည့်ပေးရင်း

Tao - "အေးပါ အမြဲလုပ်ပေးအောင် မြှောက်ပေါ့ "

ဟု baekhyun စကားကို သိနေပုံနှင့် ချစ်စနိုး စတော့ Appa ကပါ

Kris - " တကယ်ကောင်းတာပါကွာ... သားလေးက မမြှောက်တတ်ပါဘူး "

ဟု baekhyun ဘက်ကကူပြောပေးသော အခါ eomma က appa ကို မျက်စောင်းရွယ်လေသည်။

အဲ့ဒီ ခဏလေးမှာ အလွန်သာယာ ပျော်ရွှင်နေသော အခြေအနေလေးသည် ရုတ်တရက်ပဲ လွင့်ပါး ပျောက်ကွယ်ကာ သိပ်ကြိုက်လှသော Tonkatsuကို ဆက်စားလို့မရအောင် ရင်ဆို့သွားစေမည့် အဖြစ်အပျက်တစ်ခု ပေါ်ပေါက်လာမည်ဟု လုံးဝ ကြိုမသိသေးပါ။

Appa က စားပြီး ထသွားတော့ Suho noonaက အိပ်ယာနိုးပြီး ရောက်လာခဲ့သည်။
အစက ကိုယ့်အစ်မကို အထင်တကြီး ငေးကြည့်ရကောင်းမှန်း မသိခဲ့ပါ။

suho- " ငယ်လေး စောစောစီးစီး အားပေးနေပြီလား "

baek - " inn "

Suho noona  က baekhyun ငေးနေတာကို ချက်ချင်းသိကာ နှုတ်ဆက်၏။

suho - " eomma Jung coffee ပဲသောက်တော့မယ် "

Tao - " မုန့်စားလေ... ဘာလဲ နေမကောင်းဘူးလား "

suho - " ဟုတ်တယ် နည်းနည်းဖျားချင်နေသလိုပဲ "

Tao- " ဟုတ်လား ဆေးသောက်ပြီးပြီလား သမီး "

suho - " သောက်ထားတယ် eomma Jung အပြင်သွားစရာရှိလို့ "

chanbaek မြတ်နိုးသူ ( Yaoi )Donde viven las historias. Descúbrelo ahora