part - 10

143 19 0
                                    

baek- " ဒါဆို suho noona က မလိုက်ဘူးပေါ့ "

suho- " ဘယ်တတ်နိုင်မလဲ "

တနင်္ဂနွေ ညနေခင်း။ park chanyeol က baekhyun တို့ တစ်မိသားစုလုံးကို ညစာကျွေးဖို့ ဖိတ်ထားခဲ့သောနေ့ ။ အဲ့ဒီနေ့မှာမှ suho noona  က night duty ကျ၍ မသွားဖြစ်ပါ ။ Baekhyun ကလည်း မနေ့က ဖျားနေခဲ့သည်။ ခန္ဓာကိုယ်အရမ်းကိုက်ခဲ နေ၍ စောစောစီးစီး ရေနွေးနှင့်စိမ်နေတုန်း Bathtube ထဲမှာ 1နာရီခန့် အိပ်ပျော်သွားပြီး နိုးလာတော့ ရေတစ်ဝချိုး အပြီးမှာ နှာတွေချေ ချောင်းတွေဆိုးကာ ကိုယ်ပါပူလာတော့တာ…

Tao - " အင်း… သားငယ် လေးက လုပ်လိုက်ရင် ပစ်စလတ်ခတ်… မနက်အစောကြီး ရေထဲစိမ်ရသလားကွယ် "

baekhyun ဖျားတော့ eomma ညည်းညူသည်။ ဆေးသောက် ဂျီကျတတ်တာ သူ့အကျင့်။ ခါးတယ်။အန်ချင်တယ် ။ရင်ပြည့်တယ်။ နင်တယ် တစ်မျိုးမဟုတ် တစ်မျိုး အကြောင်းပြ အချိန်ဆွဲတတ်သည်။

Tao - " သားလေး… အနွေးထည် ဝတ်ထားလေ "

eomma က baekhyun ကိုယ်လေးကို စမ်းကြည့်ရင်းပြောသည် ။ နေ့လယ်တော့ အဖျားနည်းနည်း ကျသည်မို့  xiu noona  အခန်းမှာ သွားထိုင်ကာ  noona  တို့ ပြောဆိုလုပ်ကိုင်သမျှငေးနေတာ…

lulu - " ငယ်လေးရေ ရှက်တယ်ဟေ့… လွတ်ပြန်ပြီ… "

lulu noona က  အခန်းထဲ ဝင်လာပြီး  အနွေးထည်လေး လက်ထဲပိုက်ပြီး ထိုင်နေသော မောင်ငယ်လေး ကို ချစ်စနိုး စသည် ။

Xiu -" Lulu… ငယ်လေးကို မစနဲ့ကွယ် တော်ကြာ ကိုယ်ပူမကျပဲ လိုက်နေဦးမယ် … သူက ဇွတ်တရွတ် မခံချင်စိတ်နဲ့ ထလိုက်ချင်လိုက်မှာ "
Xiumin nooan  က ဟန့်တား၏။

baek- " မလိုက်ပါဘူး "

lulu - " ငယ်လေး စားချင်တာမှာလေ… ဝယ်လာမှာပေါ့ "

baek- " ဘာမှ မစားချင်ပါဘူး "

Xiu - " ဘာလေးမှန်းကို မသိဘူး "

Xiumin က မှန်တင်ခုံပေါ်မှာ နှုတ်ခမ်းနီဘူးတွေ သေချာစီနေရင်း ရေရွတ်၏။

Tao - " သားငယ် … လိုက်ချင်လိုက်ခဲ့လေ "

baek- " သား မလိုက်ချင်ပါဘူး eomma"

eomma က လိုက်ခွင့်ပေးသည် ။

Tao - " အိမ်မှာ သားငယ်လေး ပျင်းနေမှာပေါ့ "

baek- " ဘာမှ မစားချင်ပါဘူး လိုက်လဲ ထိုင်နေရမှာ…သားအိမ်မှာပဲ ကျန်ခဲ့မယ်… Arjimar တို့ ရှိသားပဲ "

eomma က နေမကောင်းတော့ သူကို ထားရစ်၍သွားရမှာ စိတ်မဖြောင့်ပုံ ။

Suho - " ကဲ အခု ငယ်လေး ဘာစားချင်လဲပြော 

lulu - "ကြက်ပေါင်း စွပ်ပြုတ်သောက်မလား "

ကြမ်းပြင်ပေါ်မှာ yogaကျင့်နေသော Lulu  noona နှင့် စာကြည့်စားပွဲတွင် ဆေးစာအုပ်ဖတ်နေသော suho noona က ဝင်မေးသည် ။

Tao- " သောက်မလား သားလေး…သောက်ရင် ajimar ကို ကြက်ပေါင်းခိုင်းလိုက်မယ် "

baek- " အင်း "

Tao - " လာ… အိပ်ယာထဲ လှဲနေရအောင် "

baek- " အိပ်ယာထဲ မနေချင်တော့ပါဘူး eommaရာ … မုန်းလွန်းလို့ "

baekhyun မျက်နှာလေး ရှုံမဲ့ကာ ခေါင်းခါသည်။

Tao - " ဒါ့ဖြင့် ဒီမှာ လာလှဲလေ "

Xiu noona   ခုတင်ကို ညွှန်ပြရင်း မေမေက ခေါ်၏ ။

baek- " ဒီမှာပဲ ထိုင်ချင်တယ် "

ပြတင်းပေါက်ဘေးမှ baekhyunက မခွာချင်ပါ ။

Tao - " လေတိုက်တယ် သားရယ် "

baek- " လေတိုက်တာ ကောင်းတာပေါ့ "

Tao- " တော်ကြာ အရမ်းအအေးမိသွားမယ် "

Omma က သူဖြစ်ချင်တာကို ဇွတ် လက်လျော့မည့် ပုံမရပါ။ Omma ကျေနပ်အောင် Xiu noona  အိပ်ယာပေါ် သွားထိုင်နေလိုက်၏။

baek- " noona 

xiu- " hmm "

baek- " အဖျားထားခဲ့မယ် သိလား "

xiu noona က ကမန်းကတန်း လက်ကာသည် ။

xiu - "မလုပ်ပါနဲ့…မဖျားချင်ပါဘူး ငယ်လေးရယ် "

baek- " ထားခဲ့ရမှာပဲ "

suho- " ရော့… မနေ့က ရွေးလာတဲ့ ဓာတ်ပုံတွေကြည့် "

Baekhyun ပလပ်စတစ် အိတ်ထဲမှ ဓာတ်ပုံလေးတွေ တစ်ပုံချင်း ထုတ်ယူကြည့်နေမိ တယ်…

Ajima - " သားငယ်လေး ရေ sehun လေးလာတယ် "

Ajima တံခါးပေါက်ရှေ့ လာပြောတော့ ဝမ်းသာအားရ မျက်နှာလေး ဝင်းသွားရသည် ။

baek- " ဒါဆို သား အဖော်ရပြီ "

ကုတင်ပေါ်က လွှားခနဲ ခုန်ဆင်းပြီး ဧည့်ခန်းကို ထွက်လာခဲ့မိသည် ။ ဖျားနေတယ်ဆိုတာပင် မေ့ချင်ချင် ။

-------------------------------------------------

chanbaek မြတ်နိုးသူ ( Yaoi )Onde histórias criam vida. Descubra agora