Baekhyun က ph ထဲက EXO luck song လေးကို တိုးတိုးလေးလူပ်ကာ ခေါင်းလေးတဆတ်ဆတ်နှင့် သီချင်းထဲစိတ်ပါသွားတယ် …
Suho noona နဲ့လိုက်သွားရမှာ ခဏတော့ မေ့လျော့နေမိတယ် Baekhyun အာရုံထဲမှာ အရင်ဆုံးမြင်လာတာက …phလေးကိုင်ထားတဲ့ လက်သွယ်သွယ်ဖွေးဖွေးလေး တစ်ဖက်။ ပြီးတော့ နှုတ်ခမ်းထူထူ ရဲရဲလေး ။သွားဖြူဖြူချွန်ချွန်လေးတွေက နှုတ်ခမ်းအဖွင့်အပိတ်မှာ တစ်ခါတစ်ခါမြင်ခွင့်ရသည်။
ပြီးတော့ Shirt အင်္ကျီ ပန်းဆီရောင်လေးနှင့် ကျစ်လျစ်သန်မာသော ကိုယ်ထည်။ နက်မှောင်သပ်ရပ်နေသောဆံပင် ရှည်လားသော အရပ် အထူးခြားဆုံးကတော့ ကားနေတဲ့ နားရွက်လေးတွေ ။ ဘောင်းဘီရှည်အနက်နှင့် ဘေးတိုက်အနေအထား (အပေါ် yeol ပုံလေးကို ကြည့်လိုက်ပါနော် ) က မျကိစိထဲကမထွက်ပါ phလေးကို နားနှင့်ထိကာ ခပ်ကိုင်းကိုင်းနှင့် စိတ်ဝင်တစားပြောနေသော သူ့မျက်လုံးအစုံသည် စူးရဲရဲ နှင့် ကြည်လဲ့ကာ အနည်းငယ်ပြူးကျယ်ပြီး အရာရာကို ထွင်းဖောက်သိမြင်တတ်မည့်ပုံ baekhyun ဘယ်လောက်အထိ ငေးမိသွားသလဲဆိုတာ တမေ့တမော သတိလက်လွတ် ဖြစ်ရသလဲဆိုတာ… စိတ်ဝင်တစားနှင့်
ဖြုတ်ယူကြည့်နေမိသော
အင်္ကျီလေးကိုပင်မေ့ကာ မျက်လုံးအစုံက သူ့ထံမှာ စုပြုံကျလို့ ပါးစပ်လေးဖွင့်ဟကာ ဘေးပတ်ဝန်းကျင် အရာအားလုံးကို မေ့နေမိသည်လူတွေ စည်ကားများပြားသော city Mall ထဲမှာ ဆိုတာရော ညံညံစီနေသော အသံတွေကိုရော ဘာဆိုဘာမှ မသိတော့ပေ။ဆူညံနေတော့ သူလည်း မနည်းပြောနေရတာ။ သူ့မျက်လုံးအစုံက baekhyun ထံကို နည်းနည်းလေးပင် ရွေ့မလာပါ။ ချက်ချင်းလိုပဲ မျက်လွှာချကာ အားငယ်စိတ်က တစ်ကိုယ်လုံး ဖုံးလွှမ်းသွားသည် ။ သူက baekhyunလို ကလေးမကျ လူကြီးမကျတာလေးကို မျက်စိထဲတွေ့မှာတဲ့လား ။ ကြည့်ပါအုံး baekhyun ဝတ်ထားပုံက ဘောင်းဘီ ပွပွ ဒူးခေါင်းဖုံးလောက်ပဲရှိတာ။ အင်္ကျီက ရှပ်အင်္ကျီ အကွက်ကလေး ဦးထုပ်အနက်ကလေးကလည်း ဆောင်းထားသေး။ သူလိုလူမျိုး ငေးမောစိတ်ဝင်စားလောက်စရာ ဟန်ပန်မျိုး တစ်စက်မှကိုမရှိ။
ကျွတ်… ကိုယ့်ကိုယ်ကို စိတ်ပျက်လှစွာ အိတ်ထဲမှ ပီကေ တစ်ခု ကို ထုတ်ယူစားမိသည်။
ခုနေဗြုန်းဆို Xiu, Suho, Lu noonaတို့လိုမိန်းကလေး ဖြစ်သွားရင် ဘယ်လောက်ကောင်းမလဲ ။
ဆံပင်က ရှည်ရှည်စင်းစင်း ကျောပေါ်မှာ ဝဲခနဲ ဝဲခနဲ အရပ်မြင့်မြင့် ပြီးတော့ လှပတင့်တယ်အောင် ကြောရှင်းပေါ်လွင်အောင် ဝတ်တတ်ပါဘိနဲ့ ။
အဲ့ဒီလိုဆိုရင်တော့ သူ တစ်ချက် ဖြစ်ဖြစ် ကြည့်မှာ ။မဟုတ်ရင်လည်း suit အပြည့်နဲ့ gentelman ဆန်ဆန် ကောင်လေးတစ်ယောက် ပေါ့ ၊ အခုတော့ ကလေးမကျ လူကြီးမကျ ကိုယ့်ကို ကိုယ်ပြန်ကြည့်ရင်း နှုတ်ခမ်းလေးကိုက်ကာ မချင့်မရဲနှင့် ဘာဆက်လုပ်ရမှန်းမသိပါ။
အင်း…အကြံရပြီ ။ baekhyun လှစ်ခနဲပြုံးကာ ရှေ့သို့ ခပ်တည်တည်လျှောက်သွားလိုက်သည်။ သူက လှမ်းကြည့်သလိုလို မကြည့်သလိုလို ဝေခွဲမရပါ။
![](https://img.wattpad.com/cover/142970045-288-k961403.jpg)
YOU ARE READING
chanbaek မြတ်နိုးသူ ( Yaoi )
Fanfictionchanbaek KaiSoo Sulay Xiuchen KrisTao Sehun Luhan Main ကတော့ Chanbaek ပေါ့ Yaoi vers လေးပါ