chanyeol တော်တော်လေး အံ့သြတာကြောင့် စကားပင် မဆိုနိုင်ပါ ။ ဒီကာင်လေး ကို သိပ်သိတာပေါ့ ။
ဟိုတစ်ရက်က Mall မှာ ဆုံဖူးသော…
မီးပွိုင့်မှာ ကားချင်းရပ် ဆုံဖူးသော…
ကောင်လေးကလည်း သူ့ကို သေချာ မှတ်မိနေပုံ…
မျက်လုံးကလေး ပြူးကျယ်ရင်း အံ့သြသွားလိုက်တာ…ချက်ချင်းပဲ လူကြီးစတိုင် ဖမ်းပစ်တော့ကာ ။
သူကတော့ Baekhyun ဆိုတာလေးကို သူသိသော ကောင်လေးဟု ဘယ်တုန်းကမှ မတွေးခဲ့ဖူးပါ ။သူ့ထက်များစွာ ငယ်ပုံရသော ကောင်လေး မျက်နှာလေးက နုနုဖတ်ဖတ်လေး မျက်လုံးလေးက puppy eyes လေးနှင့် ကလေးပုံစံလေးကို သူ မမြင်ဖူးခင်ကတည်းက ( ဖုန်းပြောပြီးကတည်းက ) ခင်မင်စိတ် ရင်ထဲရှိနေခဲ့တာပါ ။
ဖော်ရွေပွင့်လင်းသော အပြောလေးတွေကြောင့်ပဲလား ။ ယဉ်ကျေး သိမ်မွေ့သော လေသံကြောင့်ပဲလား တော့ မသိ။
Mall မှာတုန်းက ဂျစ်တစ်တစ်နှင့် ဘာပုံလေးမှန်းမသိ။ အလကားနေရင်း ဘေးနားက ရှိသူတွေကို စိတ်ဒုက္ခပေးမည့် ရုပ်ကလေးပေါက်နေသည် ။
အခုတော့လည်း ကိုယ့်ရှေ့မှာ ငုတ်တုတ်လေး မျက်လွှာလေးချလို့ ။' အိုက်တင် တော်တော်ချေတဲ့ ချာတိတ်လေးပဲ ' ဟု ကောက်ချက်ချ မိတော့သည်။
ဒါကြောင့်လေး အန်ကယ် kris နဲ့ အန်တီ Tao က 'ဆိုးတယ်' ဟု ချစ်စနိုးလေး မပြောရက် ပြောရက် ပြောခဲ့တာဖြစ်မည်။
ခုလည်းကြည့် သူရပ်နေတာကိုပင် ထိုင်ပါ ဟုမပြော မလှုပ်မယှက် မဆိုင်သလို ငြိမ်နေတာ။
' eomma ရေ ဧည့်သည် 'ဟုလည်း ခေါ်မပေး ။
Park Chanyeol က ပင့်သက်ရှိုက်မိသည်။
ဖုန်းထဲကကြားဖူးသော ဝေစီစီ ညင်သာသာ စကားသံလေးဟာ သူပြောတာမှ ဟုတ်ရဲ့လား။သူဆီမှ ဘာ နွေးထွေးမှုမှ မရရှိပါ။
' oh god 'ဟု ရေရွတ်ပြီး ပြူးကြောင်ကြောင်လေး ကြည့်လိုက်တာ တစ်ခုပဲ ထူးခြားတာရှိသည်။ဒီကောင်လေး ဘယ်လိုလေးပါလိမ့် ။
လူမှုရေးလည်း နားမလည်တာလား။ သူ့ကို မခေါ်မပြော ချင်တာမျိုးလား ။ကိုယ်ကို 'မသိဘူး 'ဆိုရင်တော့ သူအတိအကျ ညာတာပဲ ။ ကိုယ်ပင် မှတ်မိသေးတာ သူက မမှတ်မိစရာလား ။
chanyeolလည် သူနှင့် မနီးမဝေးမှာ ရပ်နေရင်း ဘာဆက်လုပ်ရမှန်း မသိတော့ပါ။
သူ့ဘေးရှိခုံမှာပဲ ဝင်ထိုင်ရမလား ။ ဒါမှမဟုတ် ဟိုးခပ်လှမ်းလှမ်းရှိ ဆိုဖာဆီပဲ လျှောက်သွားရမလား။'အန်တီ Tao ကော ' ဟုပဲ မေးကြည့်ရမလား
' ဒါ မင်းဖို့… မင်းသက်သာရဲ့လား 'ဟုပဲ ဆိုရမလား ။
ဝေခွဲမရခြင်းနှင့်အတူ တောင့်တောင့်ကြီး ရပ်နေမိပါသည်။မင်းဟာ Baekhyun ဆိုတာ ကိုယ်တစ်ခါမှ ဆက်စပ်တွေးလို့ မရခဲ့သလို ကိုယ့်ကို ခုလို အေးစက်စက် ဆက်ဆံလိမ့်မယ်လို့လည်း မျှော်လင့် မထားခဲ့ဘူး ။
Mall မှာတုန်းက မင်းမျက်လုံးတွေ တဖိတ်ဖိတ်လက်လို့ ။
ဖုန်းထဲမှာတုန်းက မင်း စကားလေးတွေက ချိုချိုညက်လို့ ။အခုတော့လည်း အဲ့ဒီ တစ်ယောက်ဟာ မင်းမဟုတ်သလိုလို။
Chanyeol ဘာကို ဘယ်လို သုံးသပ်နားလည်ရမှန်းမသိပါ။အိမ်က ညီလေး အရွယ်ပဲမို့ သူလည် ကလေးသာသာနှင့် အခုတစ်မျိုး တော်ကြာတစ်မျိုး ရှိနေမှာ သိသည်။
သို့သော်…
သူက ညီလေးထက်ပိုပြီး မူယာမာယာ များသလိုလို…တကယ်ဆို နူတ်ဆက်စကား တစ်ခွန်းဖြစ်ဖြစ် ဆိုပါတော့လား Baekhyun။
ကိုယ်က မင်းဆီရောက်လာခဲ့သူလေ ။
မင်းနဲ့ ဖုန်းထဲမှာ တရင်းတနှီးစကား ဆိုခဲ့ဖူးတဲ့ မိတ်ဆွေတွေပဲ ။ မင်း ဒီလောက်ကြီး မအေးစက်သင့်ပါဘူး ချာတိတ်ရာ ။အားမလို အားမရနှင့် Chanyeol ပေတေရပ်နေမိသည် ။
----------------------------------------------
YOU ARE READING
chanbaek မြတ်နိုးသူ ( Yaoi )
Fanfictionchanbaek KaiSoo Sulay Xiuchen KrisTao Sehun Luhan Main ကတော့ Chanbaek ပေါ့ Yaoi vers လေးပါ