sehun - " အခု မင်း နဲ့ ခင်နေပြီပေါ့ ဟုတ်လား "
baek- " အင်းပေါ့... မင်း နဲ့ တစ်နေ့တွေ့ပေးမယ် "
sehun - " ယောက်ဖလောင်းလေးနဲ့ ဘယ်တုန်းက အဖွဲ့ကျသွားတာလဲ "
baek - " ဟေ့ကောင်!! ... ဒါတော့ လုံးဝမစနဲ့.. ငါ သည်းခံမှာမဟုတ်ဘူး.. ငါ့ကို သူများတွေ တစ်မျိုးထင်ကုန်ပါ့ မယ် "
sehun - " miya...miyanae..."
baekhyun က sehun ဆီ ဖုန်းဆက်ပြီး Kyunsoo နှင့် သိခဲ့ရပုံကို သတင်းပေးမိသည်။
Park Chanyeolက eomma နှင့် စကားပြောနေပြီး baekhyun နှင့် kyunsoo က ခြံထဲက ဒန်းပေါ်မှာ ခေါင်းချင်းဆိုင် game ဆော့လိုက်တော့ ခင်သွားတာပါပဲ ။
Kyunsoo က မာနကြီးပုံလည်းမရ။ အိုက်တင်လဲ မခံ။ ဟောဟောဒိုင်းဒိုင်းနှင့် ပွင့်ပွင့်လင်းလင်းမို့ ခဏလေးနှင့် ရင်းနှီးသွားကြတာ။
baekhyunက အစကဖြင့် Park Chanyeol ကို မကြေလည်စိတ်နှင့် KyunSoo ကို မခင်ပါဘူးဟု တွေးထားတာ ။
KyunSoo နှင့်တွေ့တော့ အဲ့ဒါတွေ မေ့ပျောက်ကာ ရယ်ရယ်မောမောပဲ အဖွဲ့ကျသွားတော့သည်။
အင်း... KyunSooရယ် Sehunရယ် baekhyun ရယ် သုံးယောက်ဖြစ်ပြီး အဖွဲ့အင်အားတိုးလာတော့ လူက ပိုပြီး ကဲချင်လာသည်။ ဘာတွေလုပ်ပြီး ဘယ်သူ့ကို ဒုက္ခပေးရမလဲဟု စဉ်းစားနေမိသည်လေ ။
သူငယ်ချင်းဆိုတာလဲ ညီမှ ပျော်ဖို့ကောင်းတာ။ တစ်ယောက်တစ်မျိုး ဆို စည်းလုံးမှုမရှိဘဲ ပျင်းစရာဖြစ်လာရော။
sehun - " baekhyun "
baek- " Inn "
sehun - " ငါလာခဲ့မယ် "
baek- " အင်း...kyungsoo ကိုပါ ခေါ်မယ်လေ "
sehun - " ကောင်းသားပဲ.. game ဆိုင် သွားကြမယ် "
baek - " Ok... Ok "
sehunဆီ ဖုန်းဆက်ပြီး kyunsoo ဆီ ဆက်တော့ Park Chanyeolက ဖုန်းလာကိုင်သည် ။
baek - " kyunsoo နဲ့ ပြောချင်လို့ပါ "
chanyeol - " Aww "
အသံမာကျစ်ကျစ်ကို chanyeol မှတ်မိသလိုပါ ။ ဒါပေမယ့် သေချာအောင် မေးလိုက်သည် ။
chanyeol - " ဘယ်သူလို့ ပြောရမလဲ "
baek - " baekhyun ပါ "
chanyeol - " ခဏကိုင်ထားဦး "
baek - " ဟုတ်ကဲ့ "
ခင်ဗျားက ကျနော့်ကို ကလေးအရာထားတော့ ကျနော် ကလဲ ခင်ဗျားကို လူကြီး အရာထားပြီး စကားအပိုမဆိုပါဘူး ။
ကလေး ကလေးချင်းပဲ အဖက်လုပ်တာ အေးရော ။Soo - " အေး baekhyun ပြော"
အင်း... KyungSoo ကို ခေါ်ပေးဖော် ရသား ။
ချက်ချင်းပဲ park chanyeol ကို သူ အားနာမိသလိုလို။
သူ ရိုင်းသွားသလား ။
ကဲ... ရိုင်းတယ်ဆိုလဲ ရိုင်းတယ်ပေါ့ ။ တတ်နိုင်ပါဘူး။Baek - "မင်း အားလား "
soo - " အားတာပေါ့ကွ အလုပ်မှမရှိတာ "
baek - " လာခဲ့ပါလား "
soo - " လာခဲ့မယ်လေ အခုလား "
baek - " အေးပေါ့ game ဆိုင်သွားရအောင် "
soo - " ok ကောင်းတယ် Hyung ကအခု အပြင်ထွက်မှာ... ဝင်ပို့ခိုင်းရမယ် "
Baek - " မြန်မြန်လာကွာ "
soo - " အေးပါ အခုထွက်လာမယ် "
ဖုန်းချပြီးတော့ baekhyun ငေးနေမိသည်။
Park Chanyeol နှင့် ပက်သက်လျှင် သူ့စိတ်တွေ တော်တော်ညိုးနေမိသည်။
လက်လွတ်ဆုံးရှုံးရမှာ အရမ်းကြောက်နေသလောက် ပိုင်ဆိုင်ခွင့်မရဘူးဆိုတာလဲ သိနေသလိုပါပဲ ။ရူးချင်တယ် Park Chanyeol ရယ် ......။
*****************************
YOU ARE READING
chanbaek မြတ်နိုးသူ ( Yaoi )
Fanfictionchanbaek KaiSoo Sulay Xiuchen KrisTao Sehun Luhan Main ကတော့ Chanbaek ပေါ့ Yaoi vers လေးပါ