what a life … What a life what a life what a life what a life what a life …
ဖုန်းမြည်လာတော့ baekhyun ချက်ချင်းကိုင်လိုက်သည်…
kyunsoo နှင့်အတူ chanyeol hyung လာမကြိုသေးတာမို့ အဆင်သင့်ပြင်ပြီး ဧည့်ခန်းမှာထိုင်စောင့်နေခဲ့တာဒီနေ့နဲ့ဆို baekhyun အလုပ်ဝင်တာ ဆယ်ရက်တိတိရှိခဲ့ပါပြီ။ kyunsoo က အစကတော့ ပင်ပန်းလို့ တအားငြီးသည်။ နောက်တော့ cake မုန့်တွေ ပေါင်မုန့်တွေ ဖုတ်ရင်း ပျော်လာပြီး သေချာကို ကြိုးစားသင်နေလေသည်။
Kai hyung မွေးနေ့ကြရင် သူကိုယ်တိုင် cake မုန့်ဖုတ်မယ်တဲ့လေ…Baekhyun တို့အလုပ်စဝင်ထဲက မနက်ဆို chanyeol hyung က ဝင်ခေါ်ပေး ညဘက် အပြန် အိမ်မှာဝင်ချပေးနှင့် တစ်နေ့ နှစ်ကြိမ် ပုံမှန်ဆုံနေသည် ဒီကြားထဲ hyung အလုပ်ရှိလို့ အပြင်ထွက်မသွားခင်လဲ လာကြည့်တတ်သေးတယ် ဒီလိုမျိုး တွေ့ဆုံနေရတာကို baekhyun အရမ်းကျေနပ်မိပါသည်။
Soo - " baekhyun… hyung ကို လုံးဝမရောနဲ့ သိလား.. ခပ်ကင်းကင်းသာနေ ကြားလား ၊ ဒါမှ hyungက အထင်ကြီးမှာဟ တော်ကြာ အတင်းကပ်နေတာပဲလို့ ထင်သွားဦးမယ် "
kyungsooက သူ့ကို အဲ့ဒီလို မှာထားခဲ့ပါသည်။သူကရော အရောတဝင် လုပ်မှာတဲ့လား။ hyungမျက်နှာကြီးက မှုန်တင်းတင်း တည်တန့်တန့်ကြီး မျက်လုံးချင်းပင် ဆုံမကြည်ရဲပါ။
Baek - " hello "
yeol - " baekhyunလား "
chanyeol hyung အသံပဲဟု သိလိုက်တော့ ရင်ထဲ ဒိတ်ခနဲမြည်သည်။
baekhyun ဖုန်းနံပါတ် ဘယ်လိုသိလဲဟု တွေးလိုက်မိသေးသည် ။baek- " ဟုတ်ပါတယ် "
yeol - " ညီ အဆင်သင့်ဖြစ်နေပြီလား "
baek - " ဟုတ်ကဲ့ "
chanyeol က ဘာမှ ပြန်မပြောသေးဘဲ စဉ်းစားနေ၏။ ပြီးမှ…
yeol - " စောင့်နေလေ… လာခဲ့မယ် "
ဟုဆိုပြီး ဖုန်းချသွားသည်။
15မိနစ်လောက်ကြာပြီးနောက် chanyeol ရောက်လာသည်။
kyunsoo မပါတော့ baekhyun အံ့အားသင့်ရ၏ ။yeol - " ညီလေး ဖျားနေတယ်… ဒီနေ့ အလုပ်မသွားနိုင်ဘူးတဲ့ "
baek - " ဟင် "
YOU ARE READING
chanbaek မြတ်နိုးသူ ( Yaoi )
Fanfictionchanbaek KaiSoo Sulay Xiuchen KrisTao Sehun Luhan Main ကတော့ Chanbaek ပေါ့ Yaoi vers လေးပါ