Part 13

142 20 0
                                    

ဧည့်ခန်းမှာထားသော အိမ် ဖုန်းသံကြားတော့ အနားမှာ baekhyun ပဲ ရှိနေသည်။ ဧည့်ခန်းထဲမှာ Dream-bed လေးကို ချရင်း Dream-bed လေးပေါ်မှာ လှဲရင်း Baekhyun စာကျက်နေသည်။ စာမေးပွဲကလည်းကပ်လာ၊ စာတွေကလည်း ကျက်ဖို့ နေနေသာသာ ဘယ်စာက ဘယ်ဘာသာရပ်မှန်းတောင် မသိသေးသော ဆိုးဆိုးရွားရွား အခြေအနေ။

baek- " sehun ရေ ငါအောင်ပါ့မလား "

လို့  သွေးရူးသွေးတမ်းနှင့်မေးပြီးမှ စာအုပ်စာရွက်တွေအကုန်ရှေ့ ချ။ ဟိုဘာသာကောက်ကိုင်လိုက်၊ ဒီဘာသာကောက်ကိုင်လိုက် နှင့် ဘယ်ကစလို့  ဘာကျက်ရမှန်းမသိ ဖြစ်နေတုန်း။

အစတုန်းက သွားလိုက်လာလိုက်၊ ပျော်လိုက်ပါးလိုက် နှင့်သက်တောင့်သက်သာ ရှိလိုက်တာ ၊ အရသာရှိရှိနေခဲ့တဲ့ ရက်တွေကနည်းလို့ လား ။ အတန်းတွေလစ်ပြီး ရုပ်ရှင်သွားကြည့်လိုက် ၊ TV ကြည့်လိုက် sehun နှင့် အပြင်ထွက်လိုက် ၊ game ဆိုင်သွားလိုက် ၊ canteen မှာ အချိန်ဖြုန်းလိုက် နှင့်နေခဲ့တုန်းက ပျော်လိုက်တာ သာယာလိုက်တာ။

ဗြုန်းဆို စာမေးပွဲ အချိန်စာရင်း ကြီးထွက်လာတော့မှ သရဲတစ္စေမြင်သလို လန့် ဖျတ်ကာ မျက်လုံးပြူး မျက်ဆံပြူး နှင့် အယောင်ယောင်အမှားအမှား ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိ။ ဟိုလူက " ဒီတစ်ပုဒ်အရေးကြီးတယ်" ဆို မှတ်လိုက် ဒီလူက " ဒီတစ်ပုဒ် အရေးကြီးတယ် " ဆို မှတ်လိုက် နှင့် စာအုပ်ထဲမှာ မင်နီ ၊မင်ပြာ၊ မင်နက်သာမက ခဲတံနှင့် ပါမှတ်ထားလိုက်တာရှုပ်ပွလို့။

ဒီလာက် ချောက်ချားသွားရတဲ့ ကြားထဲ
နေမကောင်းပါ ဖြစ်လိုက်တော့ ပြီးပါလေရော ။ ဒီနေ့ တော့ မနက်စောစောထ စိတ်ငြိမ်ဆေးသောက် ခြံထဲဆင်းပြီး မနက်ခင်း ပန်းလေးတွေ ရနံ့ လေးတွေရှုလိုက်ရင်း အနားယူလိုက် သည် ။ ပြီးတော့မှ ကျက်ဖို့ စာတွေ ကို စိတ်အေးအေးနှင့်ရွေးချယ်သည် Eomma က စာအုပ်ကိုင်တာမြင်တော့.......

Tao - " နေကောင်းမှကျက်ပါ သားရယ် "
တဲ့ Baekhyun မရယ်ပဲ မနေနိုင် ။

Baek- " မကျက်သေးပါဘူး ... အရင် ဘယ်အပုဒ်တွေ ကျက်ရမလဲ ဆိုတာ ရွေးနေတုန်း ... ကျက်တဲ့ အဆင့်မရောက်သေးဘူး "

chanbaek မြတ်နိုးသူ ( Yaoi )Where stories live. Discover now