(Unicode)
"မတွေ့ချင်ဆုံးသူနဲ့ ဆုံရခြင်း"
ခေါင်းထဲမှာ အတွေးဗလာ တို့ဖြင့် မျက်နှာကျက် ကို သူ ငေးစိုက်ကြည့်နေတာ တော်တော်ကြာနေခဲ့ပြီ ..
နိုးနေတာ ကြာနေပြီ .. အိပ်ယာထ နေကျအချိန်လည်း ကျော်လွန်နေလောက်ပြီ .. ဒါပေမဲ့လည်း အရင်ကလို နောက်ကျတဲ့ထိ အိပ်နေသေးလို့ အောက်ကနေလှမ်းအော်နေနိုးကြ မေမေ့ အသံလည်း မကြားရ....
မေမေ ကလှမ်းအော်ရင်ဖေဖေ က အကျယ်ကြီး မအော်နဲ့လေ အိပ်ပါစေဆိုပြီး အလိုလိုက်တာ တားတဲ့ အသံလည်းမကြားရ...
ပုံမှန်ဖြစ်ပျက်နေကြ အဖြစ်တို့က ဒီနေ့ကို လျစ်လျူရှုထားတာကြောင့် သူ့စိတ်ထဲ လစ်ဟာလို့နေ၏ ..
ဒီရက်ပိုင်းအတွင်းမှာ စိတ်ချမ်းသာသလိုနေပါစေဆိုပြီး .. လုပ်ချင်တာလုပ်ဆိုပြီး နေခိုင်းပေမဲ့... သူ စိတ်မချမ်းသာနိုင်...
သိပ်မကြာမှီ အချိန်တုံးက သူဟာ ဒီကမ္ဘာပေါ်က နေပျောက်သွားချင်နေခဲ့ တဲ့လူတစ်ယောက်ဖြစ်နေခဲ့တယ်ဆိုပေမဲ့ .. ခုလို သူတစ်ယောက်ထဲ တည်ရှိနေသလို .. လျစ်လျူရှုခံနေရသလို ခံစားချက်ကြီးကိုတော့ သူသဘောမကျ..
ဖြစ်ပျက်ခဲဲ့တဲ ဒီကိစ္စတစ်ခုလုံးက ခန်သူရိန် အပြစ်လည်း မဟုတ်သလို သူ့ အပြစ်လို့.. အင်း.. သူ့အပြစ်လည်းပါတာပေါ့လေ...
အိပ်ယာထဲမှာ တစ်ယောက်ထဲ အတွေးများနေတုံး
အောက်ကနေ စကားသံတစ်ချို့ကြားလိုက်တော့ သက်ပြင်း ချလိုက်မိတယ်...ရောက်နေကြပြီထင်တယ်...
သက်ပြင်းတစ်ခါချရင် တစ်ခါအသက်တိုမယ်လို့ ပြောကြပေမဲ့လည်း.. လေးလံနေတဲ့စိတ်များ လျော့သွားမလား.. ဆိုကာ သက်ပြင်းသာနာနာချမိနေတယ်...
အောက်ထပ်မှာ လူတွေရောက်နေတာသိနေပေမဲ့လည်း.. သူတို့လာတဲ့ ရည်ရွယ်ချက်က သူ ဆိုပေမဲ့လည်း.. သူ့ကို မဆင်းလာရန်မှာထားကြသည် .. သူလည်း တကူးတက အာက်ဆင်းစရာတွေ့စရာမလိုဟုထင်သည် .. လောလောလတ်လတ် ဖြစ်ပျက်ထားတဲ့ အခြေအနေတွေကြောင့် ရှောင်နေခြင်းက ပိုကောင်းသည်..
YOU ARE READING
Tell me yoU LoVe me ( Under Editing )