Unicode
လှစ်ခနဲပြေးပြီး ခြံထဲကို ဆင်းသွားတော့ အကိုက ခြံပြင်မှာ အထုတ်တွေနဲ့ ကားယားကားယား ရပ်နေတယ် .. ကျွန်တော့်မြင်တော့ မျက်လုံးပြူးသွားသည်ထင် .. ခြံပြင်ကမီးက မှိန်တော့ သေချာမမြင်ရ ..
ခြံတခါးဖွင့်တဲ့ထိ အကို ကပြူးတူးတူး နဲ့ ဘာမှမပြောသေးဘဲကြည့်နေသည် .. အကိုလေး ဟုခြံစောင့်ကောင်လေးက အော်ခေါ်တော့ ကြောင်တောင်တောင်လုပ် နေတဲ့အကိုလက်ကို ဆွဲကာ ခပ်လှမ်းလှမ်းကကားစီ ခေါ်သွားလိုက်သည် ..
ဒါပေမဲ့ ကားနားအရောက် ကောင်လေးက ကျွန်တော့်ကို မှီလာပြီး ဇတ်ခနဲ လက်ကိုလှမ်းဆွဲသည် .. ဆက်သွားလို့မရတော့ လမ်းမလယ်မှာရပ်ပြီး လှည့်ကြည့်လိုက်သည် .. အကိုကလည်း ပြန်လှည့်ကြည့်သည် ..
ကျွန်တော်ဘာမှ မပြောရသေးခင်မှာ အကိုက အားနေတဲ့ နောက်လက်တစ်ဖက်နဲ့ ဟိုကောင်လေးကိုင်ထားတဲ့ ကျွန်တော့်လက်ကို ထပ်ပြီး အုပ်ကိုင်လိုက်သည် ..
အမယ် ဒါက သဝန်တိုတာလား .. အသားမထိနဲ့ ဆိုတဲ့ ဒီဇိုင်းနဲ့ မဆိုးပါဘူး ..
"အကို .. ငါးထောင်တန်တစ်ရွက်လောက် .."
သူ့နား နားကပ်ကာ လေသံလေးနဲ့ ပြောလိုက်တော့ အကိုက ကြောင်ကြောင်လေးဖြစ်သွားပေမဲ့ တစ်ရွက်ထုတ်ပေးလာတယ် ..
"ညီလေး .. ရော့ .. အကိုမုန်ုဖိုးပေးတာ .. ယူလိုက် ပြီးရင် မုန့်ဝယ်စားလိုက်နော် .. အန်တီ မေးရင် သူတို့ကားနဲ့ ထွက်သွားတာ မမှီလိုက်ဘူး လို့ပြောပေးနော် .. လိမ္မာတယ် .. ပြီးတော့ မနက်ဖြန် အာလူးကို ဆေးခန်းမှာ သွားခေါ်ပေးထားနော် အကို နောက်နေ့လာခေါ်မယ် မမေ့နဲ့နော် ..."
ထိုကောင်လေးကလည်း အထာနပ်စွာ ခေါင်းလေးငြိမ့်ပြီး လက်ဆွဲထားတာကို လွှတ်ကာ ပျော်ရွှင်စွာ အိမ်ထဲဝင်သွားသည် .. ဟန်ဆောင်ပန်ဆောင်လေးတောင် မငြင်းဘူး .. စိတ်ချဖို့ကောင်းလိုက်တာ ..
အထာမနပ်ပဲ ဘာဖြစ်နေမှန်းမသိတဲ့ အကို့ကိုတော့ လက်ဆွဲကာ ကားပေါ်အတင်းတက်ခိုင်းလိုက်ပြီး မောင်းထွက်ခိုင်းလိုက်သည် ..
------------------------------
"အကို .."
"ဟမ် .. ဟမ် .."
![](https://img.wattpad.com/cover/150453182-288-k755273.jpg)
ESTÁS LEYENDO
Tell me yoU LoVe me ( Under Editing )