54.1 (side story) (Zawgyi+Unicode)

15.6K 1.1K 36
                                    

Unicode

အိပ်တစ်ဝက်နှိုးတစ်ဝက်အခြေအနေမှာ စိုင်းသည် ပေါင်တစ်လျှောက်ကို အေးစပ်စပ် အဝတ်တို့လာထိတွေ့နေတာကြောင့် မျက်လုံးပြူးပြဲဖွင့်ကာ လှမ်းကြည့်မိ၏.. 

သားစစ်သည် စိုင်းကို သန့်ရှင်းရေးလုပ်ပေးနေသည်..   သူကိုယ်တိုင်လည်းရေမိုးချိုးပြီး အဝတ်အစားအသစ် လဲထားလေသည်..  နိုးသွားတဲ့တူတူ ညကလည်း ဝုန်းလိုက်တာနဲ့ ဘာမှတောင်မပြောလိုက်ရတာကြောင့် စိုင်ူတစ်ယောက် သန်းဝေရင်း ထထိုင်လိုက်၏.. 

"ဆက်အိပ်လေ..  အိပ်ချင်နေတာမဟုတ်ဘူးလား.."

ခြေထောက်ကို သုတ်ပေးနေရင်း မေးလာတဲ့ သားစစ်ရဲ့ မေးခွန်းကို သန်းဝေနေတာမို့ ပါးစပ်မအားတာနဲ့ ခေါင်းခါရမ်းပြီးသာဖြေလိုက်သည်..  ထိုအချိန်မြင်လိုက်ရတာက ခပ်လှမ်းလှမ်းက စားပွဲပေါ်ရှိ သားစစ်ရဲ့ အကျႌအသစ်တစ်စုံ.. နာရီကို လှမ်းကြည့်တော့ ၃ နာရီ ကျော်ကျော်သာရှိသေးသည်..

"ဘာလို့ အကျႌတွေ ထုတ်ထားတာလည်း အစောကြီးရှိသေးတာကို..  "

"မနက်ကျရင် ကိုယ်အလုပ်သွားရမယ်လေ..  ရေချိုးပြီးတစ်ခါထဲ ထုတ်ထားလိုက်တာ..  "

သန့်စင်သွားခြင်းအမှုပြီးသွားတော့ သားစစ်သည် အဝတ်ဟောင်းကို ရေချိုးခန်းထဲ ထည့်ပြီး ကုတင်ပေါ်တက်လာ၏..

"မနက်အလုပ်သွားဦးမို့လား..  ခုပဲ ၃ နာရီ ကျော်နေပြီကို.. "

"သွားရမှာပေါ့ဟ..  လစာက အလကားမှမပေးတာ.. "

"ဒါပေမဲ့ မင်း မပင်ပန်းဘူးလား.. ညက ငါတို့က ဆက်တိုက်ကြီး ဆိုတော့.. "

ပြောတုန်းက ပြောပြီးတော့ အလယ်လည်းရောက်ရော ကိုယ်ပြောမဲ့ဟာ ကိုယ့်ဟာကို ရှက်ပြီး သားစစ်ရဲ့ ရင်ခွင်ထဲဝင်ပုန်းလေရဲ့.. 

"ပင်ပန်းရင် အိပ်တော့ ငါလည်းအိပ်တော့မယ်.. "

ထို့နောက်သားစစ်သည် စိုင်း၏ ကိုယ်အိအိ လေးကို ရင်ခွင်ထဲ ထည့်ကာ ကျိန်းစပ်နေတဲ့ မျက်လုံးတို့ကို မှိတ်၍ အိပ်စက်ရန် ကြိုးစား၏.. 

တစ်မိနစ်လောက်ကြာပြီတဲ့နောက်မှာ ရင်ခွင်ထဲက ခွေးပေါက်ထဲမှ အသံထွက်လာ၏.. 

Tell me yoU LoVe me ( Under Editing )Tahanan ng mga kuwento. Tumuklas ngayon