32(Zawgyi+Unicode)

22.7K 1.8K 143
                                    

Unicode

"ရောက်ပြီလား.. လာထိုင်လေ .."

မင်းကျော် ကျွန်တော့်အခေါ် ကြွက် .. လောကအတွက် ဘာမှသုံးစားလို့မရဘဲ အချောင် နေချင်တဲ့ ကြွက်မျိုးတွေ .. ထိုကြွက်ကတော့ ကတော့ ဘုမသိဘမသိဖြင့် ခေါ်တဲ့နေရာကို ဝင်ထိုင်လေသည် .. သူ့ဘေးက အမျိုးသမီးကို မြင်တော့ ကျွန်တော့်ကို မျက်လုံးပြူးပြသည် .. ဟုတ်သည်ပေါ့လေ .. Drama တော့စပြီထင်တယ် ..

"ဪ ဒါနဲ့ အမ ဒီက မင်းကျော် ကိုသိမယ်ထင်တယ် .."

ကြက်သီးမွေးညင်းများ ဖြန်းခနဲထ သွားရလောက်အောင် အေးစက်တဲ့ အကြည့်တို့ဖြင့် သူမ ကြည့်လာသည် ..

"သူကဘယ်လိုလုပ်ပြီး ဒီကို .."

"သိတယ် မလား သူ့ကို သူ့နဲ့ စကားပြောရအောင်ခေါ်ထားတာ .. အမ အကြောင်းကိုပေါ့.."

"မင်းက ဘာပြောချင်တာလည်း .. မောင် .. မေလင်းနားမလည်ဘူး.."

"မေလင်း သူ့ကို သိတယ် မလား .. ဘယ်လိုသိတာလည်း ကျွန်တော့်ကိုပြောပြပါ .."

အပြစ်ကင်းစင်သော မျက်နှာလေးကနေ Alex ရဲ့ စကားအဆုံးမှာ ကျေက်ရုပ် အလား တည်ငြိမ်သွားသည် ..

"မေလင်း ပြနေကျ ဆေးရုံက ဝန်ထမ်း တစ်ယောက်ပါ ပြနေကျဆိုတော့ သွားတိုင်းမြင်နေကျ သိတာ .."

" ဟုတ်ပြီ မေလင်း ဆေးရုံဆိုတာ ကိုယ်ဝန်တောင် တုံးက တက်တာကိုပြောတာမလား မေလင်း .. ပြီးတော့ မေလင်းကို ကျွန်တော် အစထဲက မေးချင်တာ တစ်ခုရှိတယ် .. မေလင်း DNA ဘယ်လိုစစ်လိုက်တာလည်း.."

စူးခနဲ ရင်ထဲ စိုက်ဝင်သွားလောက်မဲ့ အကြည့်မျိုးဖြင့်Alex ကို သူမ စိုက်ကြည့်လာသည် ...

"သိတယ် မေလင်းသိတယ် .. မောင်တို့အဲလို မေး မယ်ဆိုတာ သိတယ် .. မောင် ဆေးရုံမှာ သွေးလှူထားတယ်လေ မောင်မေ့သွားပြီလား အဲဒီသွေးနဲ့ စစ်ထားတာ .. "

"ဟုတ်လား အမရဲ့ သွေးက အဲလောက် ခံတယ်ပေါ့လေ .. ကျွန်တော် မသိဘူး ကြည့်စမ်း .. ဒါပေမဲ့ဒီက ကြွ အဲ.. ညီလေးက ကျတော့ အဲဒီတုန်းက ဆေးရုံမှာ ကျွန်တော့် တူရဲ့ သွေးမရှိတော့ဘူူး ဆိုပြီးကျ.."

Tell me yoU LoVe me ( Under Editing )Where stories live. Discover now