5 - ချစ်စရာ့အရွယ် တုန်းက အကြောင်း ပြောပြမယ်

39K 3K 27
                                    

Unicode

" ချစ်စရာ့အရွယ် တုန်းက အကြောင်း
ပြောပြမယ် "

TV ရှေ့ထိုင် ပြီး စိတ်ဝင်စားဖို့ကောင်းတာများတွေ့လေမလားဆိုပြီး လိုင်းတွေထိုင်ပြောင်းနေသော်လည်း ရေရေရာရာ ကြည့်စရာ စိတ်ဝင်စားဖို့ကောင်းတာမတွေ ့ ...

Music Video တွေ ပြတဲ့ လိုင်းကို ဖွင့်ကြည့် ချင်ပေမဲ့ လည်း ဘေးမှာ Laptop တစ်လုံးနဲ့ အလုပ်ရှုတ်နေသော အကို့ ကို အာရုံ မနောက်စေချင်..

နာရီကိုလှမ်းကြည့်မိတော့ ၁၁ ထိုးနေပြီ ဖြစ်သည် .. အရင်ကဆို ဒီချိန် အိပ်နေကြ တော့မဟုတ်ပေမဲ့ မနက်က ပင်ပန်းထားတာကြောင့် ခန်သူရိန်စောစော နားချင်နေပြီဖြစ်သည် ..

သို့ပေမဲ့လည်း ပင်ပန်းတာချင်းတူတူတောင် သူကမနားသေးဘဲ အလုပ်တွေ လုပ်နေတာကို ကိုယ်ကအရင် သွားနားရမှာလည်းအားနာသည် ..

ထို့ကြောင့် အိပ်ချင်နေပေမဲ့ ခန်သူရိန် သိတတ်စွာဖြင့် အကို နဲ့ တူတူသာအဖော်ပြုထိုင်နေပေးသည် .. အကို အလုပ်ပြီး၍ အိပ်မဲ့ အချိန်ကို TV လိုင်းတွေ ပြောင်းပြောင်းကြည့်ရင်း သူစောင့်နေပေး၏ ..

သို့ပေမဲ့ TV က စိတ်ဝင်စားစရာ ရုပ်ရှင် တကားမှ မကောင်းသောအခါ ခန်သူရိန်ရဲ့ အာရုံက ဘေးမှာ ထိုင်နေတဲ့ Alex စီသာရောက်ရောက်သွားသည်.. အကို Alex ငြိမ်သက်စွာ ထိုင်ရင်း Email စစ်ကာ reply ပြန်စရာ ရှိတာတွေ ပြန် နေတယ်ဆိုတာကို ခန်သူရိန် တွေ့ရသည်..

မျက်နှာ အမူအရာ ပြောင်းလဲခြင်းမရှိဘဲ မျက်နှာသေဖြင့်သာ အလုပ်လုပ်နေသော အကို မျက်နှာကို ကြည့်ရင်း အရင်တုန်းက အကြောင်းတွေကို ခန်သူရိန် စဥ်းစားမိ၏ ..

တကယ်တော့ အကို Alex ဆိုတာ တခြား လူတွေ ဝိုင်းပြောပြကြလို့ ငယ်ငယ်တုန်းက ခန်သူရိန် အရမ်း အားကိုးပြီး သဘောကျပြီး တွယ်ကပ်ခဲ့တဲ့ အကိုတစ်ယောက်ဟု သိရတာ တကယ်တမ်းကျ သူ့မှတ်ဉာဏ်ထဲမှာ အကို Alex ကို ဝေဝေဝါးဝါး သာ မှတ်မိသည်  .. မမှတ်မိဘူး လို့တောင် ပြောလို့ရသည် .. အဲ့ တုန်းက ခန်သူရိန်က အတော်ငယ်သေးတာကိုး...

အကို ကတော့ ခန်သူရိန် ကို ကောင်းကောင်းမှတ်မိရင် မှတ်မိလေ့မယ် .. ခန်သူရိန်နဲ့ အကိုတို့ ဆုံတဲ့အချိန်က အကို Alex က ဆယ်ကျော်သက်အရွယ် ဖြစ်နေလေပြီ...

Tell me yoU LoVe me ( Under Editing )Where stories live. Discover now