Unicode
နံရံပေါ်က နာရီကို တစ်ချက်ကြည့်လိုက် TV ကိုတစ်ချက်ကြည့်လိုက် လက်သည်းကိုက်လိုက်ဖြင့် ခန်သူရိန် စိတ်မရှည်စွာ ဆိုဖာပေါ်၌ဒူးတစ်ချောင်းထောင်ရင်း ထိုင်နေ၏ ..
အကြောင်းမှာမူ ည ၈:၃၀ ဆိုတဲ့ အချိန်ထိ အချိန်ပို ဆိုတဲ့ အလုပ်ကိုဆင်း၍ စိတ်ဆိုးနေသည့်ကျွန်တော့်ကို အိမ်မှာ ပစ်ထားခြင်းကြောင့်ဖြစ်သည် ..
မဟုတ်ပါဘူး .. အလုပ်ကိစ္စ ဆိုတာကို နားလည်ပေးလို့ရပါတယ် .. ဒါပေမဲ့ ဘာလို့ ဒီနေ့မှလည်း .. ပြောတော့ ဒီနေ့ကို အပြင်လိုက်ပို့ပေးမယ်တဲ့ ချော့တဲ့အနေနဲ့ တဲ့ ..
ခုတော့လား 'ကိုယ် အချိန်ပို ဆင်းရမှာမို့လို့နောက်နေ့ရွေ့ပေးပါ' ဆိုတဲ့ message နဲ့ပြီးသွားခဲ့ပြီ .. ရတယ်လေ အဲတော့လေ စိတ်ဆိုးနေတာပြေဖို့လည်းနောက်နေ့ရွေ့ လိုက်ရုံပဲပေါ့ .. ဘာခက်တာမို့လို့လည်း ..
ဆိုဖာပေါ်ကနေထကာ ဝရံတာ ဘက်ကို ကိုယ်လေးရို့ပြီးချောင်းကြည့် လိုက်တော့ .. ဘာမှ မတွေ့ .. အင်းမလာသေးဘူးလား ..
ဘောင်ကိုကိုင်ရင်းပြန်ဝင်ဖို့လုပ်တော့ အဝန်းထဲ ဝင်လာတဲ့ကားအမည်းရောင်လေး ..
ရုတ်တရပ်ပြာယာခတ် သွားမိသည် .. ဘယ်ပြေးရမလဲ တွေးနေတုံး ငါကဘာလို့ ပြာယာခတ်နေရမှာ လည်းဟူ၍ စဉ်းစားမိ၍ ခုဏက အတိုင်း ဆိုဖာပေါ် ပြန်ထိုင်လိုက်သည် ..
သော့လှည့်ဖွင့်သံ ကြားရတော့ ပိုလို့ပင် တံခါးဘက်ကို ကျောခိုင်းကာ လက်ထဲက ရီမု ဖြင့် အလုပ်ရှုပ်နေလိုက်သည် ..
ကျွန်တော့် ဘေးနားက ခုံနေရာလွတ်မှာ အိတ်ကို ပစ်ချကာ လူနားအတင်းတိုးထိုင်သည် ..
မနက် ၈ လောက်ထဲက ရေချိုးပြီး တစ်နေကုန် အလုပ်လုပ်နေရပြီး ညမှ ပြန်ရတာတောင် အကို့ ကိုယ်စီမှ ရနံ့သင်းသင်း ရနေသေး၏ .. ရေမွှေးနံ့နှင့် ကိုယ်နံ့ ပေါင်းသွားသည့် အနံ့မျိုး .. ပုံမှန်ဆို ထိုသို့အနံ့မျိုးက ဆိုးတတ်ပေမဲ့ အကိုကျတော့လည်းမွှေးသလိုလိုရှိသား ..
ဒါပေမဲ့ သိပ်အထင်ကြီးစရာတော့မရှိပါဘူး .. အသွားလည်း AC on ထားတဲ့ ကားနဲ့ ရုံးမှာလည်း AC နဲ့ အပြန်နဲ့ AC နဲ့ဆိုတော့ ထွက်ချင်တဲ့ ချွေးတောင် မထွက်ရဘဲဖြစ်နေမှာ ..
YOU ARE READING
Tell me yoU LoVe me ( Under Editing )