23 (zawgyi+unicode)

24.6K 1.9K 38
                                    

Unicode

"ဘုတ်.."

ပလတ်လှန်ပြီး ဖုန်းကို မိုးပေါ်ထောင်ကာ ကြည့်နေရင်း ဇာတ်ခနဲ ပြုတ်ကျလာတဲ့ဖုန်းကြောင့် နာကျင်သွားတဲ့ နှာခေါင်း လေးကိုကိုင်ပြီး ကုတင်ပေါ်မှာထထိုင်လိုက်တယ် ..ခေါင်းကို တစ်ချက်ကုတ်ပြီး ပျင်းရိရိနဲ့ ထိုင်နေမိတယ် ...

တစ်သက်လုံးနေလာတဲ့ အိမ်ကိုပြန်ရောက်တာ ၃ ရက်ပဲရှိသေးတယ် ဘာလုပ်လို့ ဘာကိုင်ပြီးနေရမလဲ မသိအောင်ကို ပျင်းနေတယ် .. အရင်က ဘာလုပ်ပြီးနေလာခဲ့တာပါလေ့.. တဖန်ပြန်ပြီး လှဲချလိုက်သည် ..

"မနက်စောစောထပြီး ဖေဖေ နဲ့တူတူ ရပ်ကွက်တစ်ပတ် လမ်းတူတူလျှောက်တယ် လမ်းထိပ်ကပန်းခြံမှာဖေဖေ က လမ်းထဲကဦးလေးကြီးတွေနဲ့ လေ့ကျင့်ခန်းလုပ်ပြီး စကားပြောနေရင် ကလေးတွေ စီးဖို့လုပ်ပေးထားတဲ့ ဒန်းပေါ်မှာထိုင်ငိုက်နေတယ် .. "

ပါးစပ်ကနေပြောရင်း ထောင်ထားတဲ့ လက်ငါးချောင်းထဲက တစ်ချောင်းကို ချိုးလိုက်တယ် ..

"အိမ်ပြန်လာရင် ဟိုဟာဒီဟာဝိုင်း လုပ်ပေးတယ် .."

နောက်တစ်ချောင်းချိုးချလိုက်တယ် ..

" ပြီးရင်နေ့လည်စာစားတယ် .."

နောက်တစ်ချောင်းချိုးတယ်...

" စားပြီးရင်အိပ်တယ်.. အိပ်ယာကနိုးရင် TV ကြည့်ရင်ကြည့် မကြည့်ရင် Phone ကိုင် .. ပြီးရင် ၆ နာရီကျရင် ထမင်းစား ပြီးရင် အခန်းထဲပြန်လာ .. အိပ် .. "

ထောင်းထားတဲ့ လက်ကိုပြန်ချပြီး ပလပ်ကနေ မှောက်ချလိုက်သည် .. ဆော့လွန်းလို့ ဂိမ်းကလည်း ဆော့စရာမရှိတာတော့မဟုတ် .. ဘာမှကိုမလုပ်ချင်အောင်တစ်မျိုးကြီး ပျင်းနေတာ ..

သို့သော်လည်း ဖုန်းမှမကိုင်ရင် ဘာမှ လုပ်စရာထွေထွေ ထူးထူးမရှိပြန်တော့အားကုန်နေတဲ့ ဖုန်းကို အားသွင်းပြီး messenger ဖွင့်လိုက်သည် .. Noti off ထားလို့ ဖွင့်မကြည့်ရင် ဘာမှတက်မလာ ..group chat က 99+ messagers တွေကလွဲရင်  ထွေထွေထူးထူးတော့ဘာမှမရှိ ..

အပေါ်Noti bar ပေါ်မှာပေါ်လာတဲ့ Alex Htut Khaung is active now ဆိုတဲ့ စာတန်းလေးကြောင့် မျက်နှာတစ်ချက်မဲ့လိုက်မိသည် .. ဟိုအရင်နေ့က အိမ်လာပြီး ဘာဘာညာညာ လျှောက်ပြောပြီး ပြန်သွားပြီးထဲက ခုထိ ဖုန်းလေးတစ်ကောတောင်မဆက်ချေ ..

Tell me yoU LoVe me ( Under Editing )Where stories live. Discover now