Unicode
ကုတင်ပေါ်မှာ မှောက်ရပ်လေး လှဲနေကာ ဟိုပွတ်ဒီပွတ် လိုင်းသုံးနေရင်း နာရီကို ကြည့်မိတော့ ၈ နာရီ အတိ .. ဒီအချိန်ဆို အကို နိုးနေလောက်ပြီ ဟုတွေးကာ မြန်မြန်ဆန်ဆန် data ပိတ်လိုက်သည် .. ဖုန်းကို ဘေးနားချကာ ပက်လက် လှဲနေတုန်း ညက ကိစ္စတွေကို ပြန်စဉ်းစားမိတော့ ရှက်သွေးဖြာ ပြီး စောင်ခေါင်းမူး ခြုံလိုက်သည် .. တခိခိ ကရီနေသေး ..
"အဲဒါဆို ဒီနေ့က first day ပေါ့ .. "
ခေါင်းမူးခြုံထဲက ထွက်ပြီး ရေရွတ်မိတော့ တစ်စုံတစ်ရာကို သွားသတိရသည် ..
"ဟုတ်သားပဲ .. ငါသုံးရက် စိတ်ဆိုးမယ် ပြောထားတာပဲ .. ခုမှ တစ်ရက်ပဲရှိသေးတယ် .. "
ကိုယ့်စနက်နဲ့ ကိုယ်ဆိုတော့ ဘယ်သူ့ကိုမှ အပြစ်တင်လို့မရ ဘာလို့မှန်းမသိ စိတ်ဘဝင်မကြဖြစ်သွားသည် .. ခြေဆင်းကာ ဟိုကန်ဒီကန်လုပ်တော့ ကုတင်ပေါ်ကာ ဖက်လုံးတွေ ပြုတ်ကျ ကုန်၏ .. ကလေးလိုလို ဘာလိုလို နဲ့ ..
"ငါ ဘာလို့များအဲလို သွားပြောမိလိုက်တာပါလေ့ .. ဒါငစိုင်း ကြောင့် .. သူ.. သူ့ဘဲနဲ့ တစ်တီတူး တာတွေ ငါ့ကို ပြောပြောပြနေလို့ ငါ နားယောင်သွားတာ ..."
"အာာာာာ... မိန်းမ ဆန်လိုက်တာဟာ .. အကိုတော့ အထင်သေးတော့မှာပဲ .."
"ဘယ်ဟုတ်မလဲ သူ့ငါ့ကို ပစ်ထားတာ နဲ့ တာအောင် စိတ်ဆိုးတာ ဆိုးသင့်တယ် .. ဒီထက်မက ကြာအောင် ဆိုးချင်ဆိုး လို့ရသေးတယ် .. သူ့ကြောင့် ငါ့မှာ ငိုလိုက်ရတာ .. ယောကျာ်းလေးတန်မဲ့ .. "
မျက်နှာလေးရှုံ့မဲ့ကာ နာရီကြည့်မိတော့ ၈:၂၀ မိနစ်..
ငြိမ်ငြိမ်လေး နေနေ တော့ မှေးခနဲ ပြန်အိပ်ပျော်သွားသည် .. ဖြတ်ခနဲ ပြန်နိုးလာတော့ ချက်ချင်း ဖုန်းကို စစ်လိုက်တော့ ဘာမှ မရှိ..
"ဘာလဲ မနိုးသေးဘူးလား .. ဘာလို့အခုထိ ဘာမှ မပို့သေးတာလည်း .. ပုံမှန်ဆို ရည်းစားတွေက မနက်ဆို စာတွေပို့ကြ တယ်လေ .. အကိုက အဲလို မဟုတ်တာများလား .. ကလေးဆန်လို့လား .. ငါပဲအရ ... အောင်မလေးပလုတ်တုတ် .."
တောင်တွေးမြောက်တွေးနေတုန်း အသံပိတ်ထားတဲ့ ဖုန်းက ဂွီ ဆိုပြီး မြည်လာသည် .. ဖုန်းမျက်နှာပြင်မှာ ပေါ်နေတဲ့အချိန်က ၈:၃၀ ..
YOU ARE READING
Tell me yoU LoVe me ( Under Editing )