59.1 (side story) (Zawgyi+Unicode)

14.9K 1.2K 71
                                    

Unicode

"စိုင်းလေး.. ဘယ်သွားမလို့လည်း.."

သားစစ် surprise gift ဖြင့်ပို့ပေးသော ဖိနပ် အဖြူလေးကို စီးဖို့လုပ်နေတုန်း အနောက်တည့်တည့်မှ ဘုန်းသက်ကျော် ၏ မေးမြန်းသံကြောင့် ဖိနပ်ပြန်ချကာ နောက်လှည့်ဖြေရ၏..   

"ဟိုနားဒီနားပါ သူငယ်ချင်းနဲ့ ချိန်းထားလို့.. "

"ဪ... "

အာမေဋိတ် အသံတစ်ခုသာပြု၍ တံခါးဝမှာသာ ဆက်၍ရပ်နေသော အကိုကြီးကြောင့် စိုင်းတစ်ယောက် ကြောင်တောင်တောင်လေးပြုံးပြကာ ဖိနပ်ပြန်ငုံ့၍သာ စီးလိုက်သည်..  တကယ်တော့ ဘယ်သူနဲ့မှ ချိန်းမထား ဘာအလုပ်မှ မရှိဘဲ အိမ်ထဲမှာ နှစ်ယောက်ထဲ ရှိနေတာက စိုင်းအတွက် အသက်ရှူကြပ်စေလို့.. 

"ဖိနပ်လေးက လှသားပဲ..  သားစစ်ပေးတာမလား..  ဟက် သားစစ်ကလည်း ဘာသဘောနဲ့ပေးတာလည်းမသိဘူး ဖိနပ်လက်ဆောင်ပေးရင် ထွက်ပြေးတတ်တယ်ဆိုတာမသိဘူးထင်ပါတယ်.. ဟားဟား.."

အကိုကြီး ၏စကားအဆုံးမှာ ကြိုးချည်နေတဲ့ စိုင်းလက်တို့ရပ်တန့်သွားသည်..  ဒေါသလည်း အနည်းငယ်ထွက်သွားမိသည်.. 

"ကဲ.. စိုင်းလေး ဖိနပ်ပြန်ချွတ်ပြီး အိမ်ထဲ ပြန်ဝင်လာခဲ့ဦး.. "

ရီသံစွတ်၍ လှည့်ထွက်သွားပြီးနောက် ထိုင်နေဆဲ စိုင်းကို အမိန့်စကားတစ်ခွန်းပေး၍ အခန်းထဲ ဝင်သွားသည်.. စိုင်းပြန်ပြီးဝင်လည်းမဝင်ချင် ထွက်သွားဖို့ကြတော့လည်းမလေးစားရာကျကာ အားနာမိသည်..  တစ်ခုခု ခိုင်းစရာရှိလို့နေမှာပါဟူ၍ ပဲသတ်မှတ်ကာ ဖိနပ်ပြန်ချွတ်ပြီး အကိုကြီးနောက်လိုက် လိုက်ဝင်သွားခဲ့သည်.. 

စားပွဲပေါ်က စာရွက်တွေ ကို လှန်လှော နေသော အကိုကြီးက စိုင်းမတ်တပ်ရပ်နေတာကို တွေ့ရဲ့သားနဲ့ တစ်ချက်သာ ပြုံးပြကာ ဘာမှမခိုင်းမပြောဘဲ ဆက်လက်၍ရပ်နေသည်..

"ဘာခိုင်းချင်လို့လည်းအကိုကြီး.. "

ယဉ်ယဉ်ကျေးကျေးပဲ မေးမြန်းလိုက်တော့ အကိုကြီးက တစ်ချက်မော့ကြည့်ကာ ပြုံးပြပြန်သည်..  ဘာလား..? ကြာရင်ဒီ လူကြီးနဲ့ ငါတော့ရူးတော့မယ် ဟူ၍တောင် တွေ့လိုက်မိသေးသည်..  သားစစ်ထွက်သွားပြီးထဲက အကိုကြီးက သူ့ကို အရင်လိုပဲဂရုတစိုက်ဆက်ဆံသည်..  ဒါပေမဲ့ အဲဒီ့ ဆက်ဆံပုံတွေက အနည်းငယ်အေးစက်ကာ ကြောက်ဖို့လည်းကောင်းသည်..  တစ်ခါတစ်ခါ ဘာတွေတွေးပြီးလည်းမသိ စိုင်းကို ပြုံး၍ စိုက်ကြည့်နေတတ်သည်.. 

Tell me yoU LoVe me ( Under Editing )Where stories live. Discover now