"အဲတော့ အန်တီမြင့်က ကိုယ်တို့ကို ခွင့်ပြုလိုက်တာတော့မဟုတ်သေးဘူးပေါ့ .."
ကားမောင်းရင်း စိတ်အားငယ်သလိုလေး မေးလာတဲ့ အကို့ စကားကြောင့် ကျွန်တော် ဖုန်းကိုင်နေရင်း ပြုံးလိုက်မိ၏ ..
"စောင့်ကြည့်ကာလ ဆိုတာ ဒီတိုင်းပါ .. အိမ်မှာနေတဲ့ အမေက ဘာကို စောင့်ကြည့်မှာမို့လို့လည်း .."
ကျွန်တော်က အပိုင်တွက်ပြီးသား ပုံစံဖြင့် ပြောတော့ အကိုက သဘောကျသလို လှည့်ကြည့်ပြီးရီနေလေ၏ ..
"ခန် ကိုယ်ဘာကို အံ့သြဆုံးလည်းသိလား .. ကိုယ့် အိမ်ကို စစရောက်တုန်းက စကားတစ်လုံးပြောဖို့ တစ်နာရီလောက် အချိန်ယူနေရတဲ့ ခန်သူရိန်နဲ့ အခု ခန်သူရန် နဲ့များတခြားစီပါလား .. အခုတော့ သွက်လိုက်တာ .. အိမ်မှာပြောတဲ့ စကားဆို ကိုယ် ကြက်သီးတောင်ထတယ် .. "
"ဟ..ဟ တစ်နှစ်လေ .. တစ်နှစ်တောင်ရှိပြီကို ယုန်လေးလို ဟန်ဆောင်နေ စရာမှမလိုတာ .. ဘာစကားကိုကြက်သီးထတာလည်း .."
"ခန် နော် မုန်လာဥ မလုပ်နဲ့ ဘာတဲ့ သိမ်းပိုက် မယ်တဲ့ ပြန်တွေးရင် တကယ် ကြက်သီးတောင် ထတယ် .."
လက်နှစ်ဖက်က စတီယာတိုင်ကို ကိုင်ရင်း ချမ်းသလို တုန်ပြတဲ့ အကို့ကြောင့် ကျွန်တော် အော်ရီမိ၏ ..
"ဟား .. အကိုကလည်း အဲလိုပြောမှပေါ့ နို့မို့ဆို အမေတို့ရှေ့မှာ သူ့သားက ခံ .."
ဆက်ထွက်လာမဲ့ စကားကို အမြန်ဘရိတ်အုတ် လိုက်တော့ အကိုက လည်းလျှင်မြန်စွာ ပြုံးပြုံး ကြီး လှည့်ကြည့်လာ၏ ..
"ဘာလည်း ဘာလည်း .. သူ့သားက ဘာဖြစ်လည်း ဆက်ပြောလေ .."
"မပြောဘူး .."
"ကိုယ်အစားပြောပေးရမလား..?"
"အကိုနော် .. တော်တော့ .. ကျွန်တော် သုံးရက် စိတ်ဆိုးဖို့ကို အကြွေးမှတ်ထားတာ အခု ဆိုးလိုက်မှာနော် .."
"ဟားဟား .. ဟားဟား.. ဟားဟားဟား "
မီးပွိုင့်မိလို့ ကားရပ်နေတုန်း ရုတ်တရပ်ကြီး အကြီးအကျယ်ထရီလာတဲ့ အကိုကြောင့် .. အစကတာ့ စိတ်ဆိုးဟန်ပြချင်ပေမဲ့လည်း .. နောက်တော့ ကျွန်တော်ပါ ဝင်ရီမိ၏ ..
YOU ARE READING
Tell me yoU LoVe me ( Under Editing )