Unicode
(Media က song လေးနဲ့ တွဲ၍ နားထောင်စေချင်မိ..)
ချိန်းဆိုထားတဲ့ အချိန်ထက် ၁ နာရီ စော၍ရောက်နေထဲက ကျွန်တော့်ရဲ့ စိတ်လှုပ်ရှားမှုက သိသာနေသည်.. မရောက်တာကြာပြီဖြစ်တဲ့ စိုင်းရဲ့ အကြိုက်ဆုံး coffee ဆိုင်လေးကတော့ အရင်လိုလှတုန်းပင်..
မျက်မှန်းတန်းမိနေတဲ့ အဖျော်ဆရာကနှုတ်ဆက်သည်.. သူ့အကြိုက်ဆုံး မှန်ဘောင်တွေကပ်လျက် စားပွဲဝိုင်းလေးကိုသာ နေရာဦးမိသည်..
ပထမဆုံးလာတဲ့နေ့ထဲက ဒီနေရာလေးကို သိပ်သဘောတွေ့နေတဲ့ စိုင်းကြောင့် ဆိုင်ရှင်ကို သူတို့လာရင် ဖုန်းကြိုဆက်မည်.. အဲဒီခါကျရင် နေရာကြိုလုပ်ထားပေးဖို့ သားစစ် လာဘ်ထိုးထားခဲ့သည်..
ဒါကိုမသိတဲ့ စိုင်းကတော့ လာတိုင်းပျော်ရွှင်စွာ ကံကောင်တယ်ဟုဆိုကာ ဝိုင်းသွားဦးတတ်သည်.. ဦးစရာမလိုကြောင်း ဒီနေရာက သူ့အတွက်ပဲဖြစ်ကြောင်း တော့မပြောဖြစ်.. ပြောစရာလည်းမလိုဘူးမလား..
ထိုင်နေကြနေရာလေးမှာပဲထိုင်ကာ လွတ်နေတဲ့ အရှေ့ခုံလေးကို ငေးကြည့်နေမိ၏.. ထိုခုံလေးမှာထိုင်ရင်း သူ့ကို အချေကောင်ဟူ၍ အမြဲခေါ်တတ်သေးသည်..
တစ်ပတ်တိတိ ပြည့်ခဲ့ပြီ.. ဒီလိုနဲ့ ပြီးသွားတော့မှာလား..
ရေတစ်ခွက်လာချပေးတဲ့ waiter လေးကို လူလာဖို့ရှိကြောင်းပြောတဲ့အခါ အမှတ်တရ ရှိပေးတဲ့ waiter လေးက Love cuppachino ပဲချပေးရမလားမေး၏.. တစ်ယောက်ထဲလာမှ မဟုတ်ကြောင်းရှင်းပြပြီးနောက် ဒေါင့်နားက သူ့ဝိုင်းလေးက တိတ်ဆိတ်သွားသည်..
ပြတင်းပေါက်ကို ဖြတ်ကာ စိုင်းတစ်မေ့တမောငေးတတ်တဲ့ ပန်းခြံကို ကြည့်နေမိ၏.. နေပူပူထဲ ဇွဲရှိရှိဖြင့် ထီးတစ်ချောင်းဖြင့်နေမင်းကို အန်တုနေကြသော အတွဲတွေကို စိုင်းမြင်ရင် အပိုဟူဆိုကာ နှာရှုံံ့တတ်သည်.. သို့ပေမဲ့ စိုင်းက အဲလိုမျိုး အပိုတွေကို အားကျတတ်မှန်း ကျွန်တော် လုံးဝ မရိပ်မိခဲ့..
ဒီနေ့မှ အချိန်တွေက နှေးနေသလိုပေ.. တစ်နာရီလောက်ကို စိတ်ရှည်စွာ စောင့်ပြီးနောက် တံခါးထိပ်မှ ခေါင်းလောင်းလေးလှုပ်ခါကာ စောင့်မျှော်နေသူတို့ရောက်လာခဲ့ပြီ..
![](https://img.wattpad.com/cover/150453182-288-k755273.jpg)
YOU ARE READING
Tell me yoU LoVe me ( Under Editing )