Unicode
စိုင်းလေး ခိုင်းတဲ့ အတိုင်းသူ့ကားကို ခြံနားမရောက်ခင် ခပ်လှမ်းလှမ်းမှာ ရပ်လိုက်သည်.. သဘောမကျစွာဖြင့် အမည်းဝမ်းဆက်ဝတ်ထားပြီး အမည်းရောင် mask ကိုဝတ်နေတဲ့ ဘေးခုံမှ စိုင်းကို လှည့်ကြည့်မိ၏..
"စိုင်းရာ.. လုပ်စရာမလိုပါဘူးဆို.. "
"ရှူး... !! တိတ်.. မင်းမလိုလည်း ငါလိုတယ်.. "
သူ့စကားနားထောင်မဲ့ပုံလည်း မပေါ်တာကြောင့် သားစစ် ခေါင်းခါကာ စိုင်းပေးထားသော mask အမည်းရောင်ကို သူပါတပ်လိုက်သည်.. လျှို့ဝှက်သည်းဖို လုပ်ချင်နေတဲ့ ချစ်သူ အတွက် သူလည်း partner in crime ဖြစ်ပေးရမှာပေါ့..
စိုင်းသည် အလုံးစုံဖုံးအုပ်ပြီးသွားတဲ့နောက် ခြေရင်းနားက အထုတ်ကို မကာ ပေါင်ပေါ်တင်လိုက်သည်.. အမြင်နဲ့တင်လေးမှန်းသိသာပေမဲ့ ထိုအိတ်ထဲမှ အုတ်ခဲတစ်ချို့ ခဲလုံးတစ်ချို့ကို ထုတ်နေတာကြောင့် သားစစ် မျက်လုံးပြူးသွားရသည်..
"စိုင်း.. စိုင်းလေး.. မင်းဒါကို တစ်လမ်းလုံးသယ်လာတာလား.. လေးနေတော့မှာပဲကွာ.. ငါသယ်ပေးထ-.."
"တိတ်.. အပိုတွေမပြောနဲ့ ငါလည်းသယ်ရတာ မဟုတ်ဘူး ကားသယ်တာ.. အခြေအနေကြည့်ပြီးမှ အပိုတွေပြော.. ဆင်းတော့ အမြန်.. "
mask အောက်ကနေ ဝူးဝူးဝါးဝါး တွေ ပြောကာ အမိန့်ပေးနေတဲ့ စိုင်းကို သူခေါင်းသာညိတ်ပြကာ အောက်ဆင်းလိုက်ရသည်..
စိုင်းသည် သူ့ကို အိတ်ကိုင်စေကာ သူ့နောက်လိုက်စေသည်.. ညဖက်ကြီး အနက်ဝမ်းဆက်နဲ့ ကုတ်ချောင်းကုတ်ချောင်းဖြင့် ဘုန်းသက်ကျော် ခြံရှေ့တွင် ရစ်သီရစ်သီ လုပ်နေတာကို တစ်ယောက်ယောက်များမြင်ကြည့် သူ့တို့ အရင် ဂျေးအောင်းလိုက်ရမည် မှာ အသေချာပေ..
ခြံဝရောက်တော့ စိုင်းသည် ခြံကို ကျောကပ်ကာ ဟိုကြည့်ဒီကြည့်လုပ်ကာ သားစစ်ကို ရှေ့တိုးလာရန် လက်ဖြင့်အချက်ပြသည်..
ရုပ်ရှင်တွေထဲက စွန့်စားခန်းတွေလို လုပ်နေတဲ့ စိုင်းကို သူရီလည်းရီချင်သည်.. အသည်းလည်းယားသည်..
YOU ARE READING
Tell me yoU LoVe me ( Under Editing )