10 (Zawgyi + Unicode )

32.4K 2.4K 20
                                    

"🎶🎶🎶🎶🎶"

အဆက်မပြတ်မြည်နေတဲ့ ဖုန်းသံကြောင့် တစ်ဝက်မှိတ်နေတဲ့ မျက်လုံးကို အတင်း ဖွင့်ကာ ဖုန်းကို လှန်လှော ရှာဖွေရင်း တစ်ဆက်ထဲ နာရီကိုကြည့်လိုက်တော့ ၆:၃၀ .. အစောကြီးဖုန်းဆက်တာမို့လို့ အိပ်မှုန်စဝါး ဖြင့်ဖုန်းမျက်နှာပြင်ကိုတောင်မကြည့်နိုင်ဘဲ ကောက်ကိုင်လိုက်သည်...

"ဟဲလို..."

"ဟဲလို .. သူရိန် ရ နာရီ Ready လုပ်ထား ငါတော့အိမ်ရှေ့ လာခေါ်မယ်..."

"ဟမ် .. ဟမ်.."

ဖုန်းကိုင်ကိုင်ချင်း ဘာတွေပြောမှန်းမသိပြောလိုက်တာကြောင့် ဖုန်းကို နားမှခွာကာ ဘယ်သူလဲကြည့်လိုက်တော့ ဟိုတစ်နေ့ကမှ အသစ်မှတ်ထားတဲ့ သားစစ် ရဲ့နာမည်..

"ဘာတုန်း.. ငါအိပ်တုံး.."

နောက်နေတာဖြစ်ဖို့များတာကြောင့် အိပ်ယာပေါ် ဘုန်းခနဲ ပျင်းတွဲတွဲဖြင့် ပြန်လှဲချလိုက်သည်.. တစ်ဆက်ထဲမှာပင် မနက်အားကစားလုပ်ရန်ထွက်သွားပြီဖြစ်တဲ့ သူ့ရဲ့အေးစက်စက် ခေါင်းအုံးပေါ်လက်တင်လိုက်သည်.. ဘာရယ်တော့မဟုတ်..

" ဟ .. ညက Msg ပို့ထားတယ်လေ ဒီနေ့ စိုင်းလေးတို့ အလှူ ရှိလို့ စောစောသွားရမယ်ဆိုတာကို.."

"ဟမ်.. ငါမသိဘူး.. ခဏနေမှလိုက်ခဲ့မယ် ငါခုအိပ်ယာထဲမှာမို့လို့ လိပ်စာပို့ထားလိုက်လေ.."

"မရဘူး တူတူသွားမယ်.. ခုလမ်းထိပ်ရောက်နေပြီး.."

"ဘယ်လမ်းထိပ်လည်း.. *** လမ်းထိပ်လား"

"အေးလေ မင်းအိမ်လမ်းထိပ်ပါဆို မြင်တောင်မြင်နေရပြီ အိမ်ကို .."

"မဟုတ်ဘူး .. ငါအိမ်ပြောင်းသွားပြီ.."

"ဟမ်.. ဘာ.. ဘယ်ကိုလည်း.. သူရိန်မလိ်ုက်လို့တော့မရဘူး နော်သိတယ်မလားသူ့အကြောင်းကို ငါဝိုင်းမချော့ပေးနိုင်ဘူး...ကောက်စိန်ကို.... အား..."

"ဘာဖြစ်တာလည်.."

ကားမောင်းနေတဲ့သူက ရုတ်တရပ်ကြီးထအော်တာမို့လို့ ဘာများဖြစ်လဲ မေးတော့ ကြောင်တောင်တောင်နဲ့ ခြင်ကိုက် တာဆိုပြီးပြောကာ မလိုက်လို့မရကြောင်း အတင်းခေါ်ကာ အိမ်လိပ်စာအတင်းတောင်းပြီး ဖုန်းချသွားတယ်.. သွားရင်ကောင်းမလား မသွားရင်ကောင်းမလားတွေဝေချင်နေပါသော် လည်းဟိုနေ့က သူ ပြောတဲ့ စကားကြောင့် သွားရန်သာဆုံးဖြတ်ပြီး အမြန်အိပ်ယာကနေထရတယ်....

Tell me yoU LoVe me ( Under Editing )Where stories live. Discover now