31(Zawgyi+Unicode)

21.2K 1.8K 25
                                    

Unicode

"ဟဲလို.."

"ဟဲလို သူရိန် .. ဘယ်လိုဖြစ်တာလည်း အစကတော့ ဖုန်းပိတ်ထားတယ် ဖုန်းဖွင့်လိုက်တော့လည်း ဖုန်းမကိုင်ဘူး .."

"ခုဏက ကျွန်နော် ထမင်းစား နေတုံးမို့လို့ပါ.."

"ဟုတ်လို့လား.. တမင် မကိုင်တာ မဟုတ်ဘူးလား.."

"မဟုတ်ပါဘူး .."

"အေး အဲဒါဆိုလည်း ပြီးရော .. ဒီညနေ ၅ လောက် အားအောင် လုပ်ထား လိုက် လာခေါ်မယ် .."

"ဘယ်သွားမို့လည်း ပြီးတော့ ကျွန်တော် ကွန်ဒို မှာ မဟုတ်ဘူး .. အမေ့အိမ်မှာ .."

"ငါသိပါတယ် .. မင်း Alex အိမ်က ထွက်သွားတဲ့ နေ့ထဲက သိတယ် .."

ဟမ် .. ဘယ်တုန်းက လေးငယ်က သိသွားရတာလည်း..

"ဘယ်သွားဖို့လည်း .. ဒီတိုင်းဆို ဟိုဟိုဒီဒီ ကျွန်တော် မလိုက်ချင်ဘူး အပြင်မထွက် ချင်လို့.."

"အပြင်မထွက်ချင်ဘူးတဲ့ နှစ်ပတ်လုံး အိမ်တွင်း ပုန်းနေတာကိုများ "

ဒါလည်းသိတာပဲ လား ဆိုပြီး တိုးတိုးလေး ကွကို ရေရွတ်လိုက်ပေမဲ့ ဖုန်းက ပါးစပ်နားမှာဆိုတာကိုမေ့သွားတယ် ..မလိုက်ဘူးဆိုပြီး ဘယ်တုန်းကမှ ငြင်းလို့ မရခဲ့ဘူးတာကြောင့် ထွေထွေထူးထူးငြင်းမနေတော့ဘဲ  မြန်မြန် စကားစ သတ်ပြီး အိပ်ယာပေါ်လှဲချလိုက်သည် .. ညက မအိပ်ပျော်တော့ ခုတော့ ခဏအိပ်ဦးမယ် ..

--------------------------------------------

ခြံရှေ့ အဆင်သင့် ရပ်နေတဲ့ကားထဲဝင်ထိုင်လိုက်ပြီး  ဘေးက ဘာ ဘာသာစကား နဲ့ လည်းမသိ ဖုန်းပြောနေတဲ့ လေးငယ်ကို မျက်စောင်းထိုးလိုက်ရင်း ခါးပတ်ပတ်လိုက်သည် ..
၅ လောက် အဆင်သင့် လုပ်ဆိုပြီး ၄ ထဲကအောက်ရောက်နေပြီ ဆင်းခဲ့ ဆိုပြီး ဖုန်းဆက်လို့ ခေါင်းတောင်သေချာမဖြီးဘဲ ထွက်ခဲ့ရသည် .. သူကတော့ ကားပေါ်ရောက်လို့ ၁၀ မိနစ်ရှိနေတာတောင် ကားမထွက်သေး..

"အလုပ်ကိစ္စပြောနေလို့ကြာသွားတယ် sorry  ပြီးတော့ ဝင်စရာရှိလို့ တစ်ခါထဲ ခေါ်လိုက်တာ .. "

"ဘယ်သူက ဘာပြောနေလို့လည်း.."

"အဲဒါဆို ဘာလို့ ဆူပုတ်နေတာလည်း ရုပ်က .."

Tell me yoU LoVe me ( Under Editing )Where stories live. Discover now