62 (Zawgyi+Unicode)

19K 1.2K 57
                                    

Unicode

ခြံရှေ့တည့်တည့်မှာ မတ်တပ်ရပ်လက်ပိုက်ပြီး စောင့်နေသော စိုင်းလေးကို မြင်ရတော့မှ လမ်းထိပ်ကနေ အမောတကာပြေးလာတဲ့ သားစစ်တစ်ယောက် ခါးကုန်းပြီး ဒူးပေါ်လက်တင်ကာ အသက်ဝဝရှူရသည်..

အသက်တောင်မရှူနိုင်အောင်မောနေတာကြောင့် ခြေဆယ်လှမ်းလောက်အလိုကိုတောင်ဆက်မလျှောက်နိုင်တော့.. ဒါပေမဲ့လည်း ပြန်မတ်ကာ အနားတော်အပါးခစားရသည်..

ရှေ့တည့်တည့်မှာ လာရပ်တဲ့ သားစစ်ကို စိုင်းက ခပ်တည်တည်ကြည့်၍ လက်မှ မွေးနေ့လက်ဆောင်အဖြစ်ဝယ်ပေးထားသော နာရီကို ဟန်ပါပါ ကြည့်လိုက်သည်..

"၁၀ မိနစ်နောက်ကျတယ်.."

"စိုင်းပဲ ကားထားခဲ့ဆိုလို့ ကိုယ်က-..."

"ဪဪ..  ပြန်ပြောတာလား.."

"ဟားဟား စိုင်းရာ... "

စနေသည်ဟု မှတ်ကာ အားရပါးရရီပြီးနောက် မျက်နှာ သေဖြင့် ကြည့်နေသော စိုင်းလေးကြောင့် မျက်နှာ ပိုးပြန်သတ်ရသည်..

"sorry ပါ ကိုယ် နည်းနည်းနောက်ကျသွားတယ်.. "

မျက်နှာ ငယ်လေးနဲ့ တောင်းပန်စကားဆိုတော့မှ မျက်ခုံးတစ်ဖက်ပင့်ကာ လက်ပိုက်ပြီး ရှေ့မှနေ ဘောက်စစဖြင့် ထွက်သွားလေ၏.. 

နောက်သို့အပြေးလေးပြေးလိုက်ကာ မိမိလက်တွင်ကိုင်ထားသေး ကုတ်လေးကို နောက်မှနေ လွှားခြုံပေးလိုက်သည်..  ကုတ်လေးက ကိုယ်ခန္ဓာပေါ်သက်ဆင်းသွားတဲ့ တစ်ခဏ စိုင်းလေးက ခြေလှမ်းတို့ ရပ်ကာ နောက်သို့ ငေးမောကြည့်လာသည်.. 

ထိုအခါ သားစစ်သည် မိမိ လုပ်လိုက်တာ အရမ်း romantic ဆန်သွားမှန်းသိသဖြင့် ခပ်ပြုံးပြုံးမျက်နှာဖြင့် ရှေ့တည့်တည့်သွားရပ်ကာ ဟစိ အကျီႌလေးကိုရင်ဘတ်နားထိ ဆွဲစိပေးလိုက်သည်..  တစ်ခုခု ပြောရန်ခပ်ဟဟလေးပွင့်သွားသောနှုတ်ခမ်းလေးကို မြင်တွေ့လိုက်တော့ အခွင့်ကောင်းအကွက်ကောင်းဖြစ်သဖြင့် အကြင်နာတို့ လှမ်းခြွေရန် ကြံလိုက်သော်လည်း စိုင်းလေးက အရင်စကားပြောဖြစ်သွားသည်.. 

"ရွဲ့နေတာလား..? နေ့လည်၁၂ နာရီ နေခေါင်းပေါ်တည့်တည့်ရောက်နေတာကို အနွေးထည်လာခြုံပေးနေတာလား..?"

Tell me yoU LoVe me ( Under Editing )Dove le storie prendono vita. Scoprilo ora