Unicode
"Good Morning ဆရာ .."
"Morning .."
အပြုံးတစ်ခုနဲ့ အတူ ကပြာကရာ အပြေးလာနှုတ်ဆက်သော ရှယ်လီ ကို ပြန်လည် တုံ့ပြန်လိုက်ရင်း သူ့လက်ထဲက ဖိုင်တစ်တွဲကို ဝိုင်းကူ သယ်ပေးကာ မိမိတို့ အခန်းထဲသို့ ကိုယ်တစ်စောင်းဖြင့် တံခါးတွန်းကာ ဝင်လာလိုက်၏ ..
Alex တို့ရုံးခန်းက share office ဖြစ်တဲ့အတွက် Team တွေအတွက်ရှိထားသော တစ်စုတစ်စု ခုံနေရာတွေမှာတော့ လူသိပ်မရောက်သေး တာကိုတွေ့ရသည်.. မိမိကလည်း ပုံမှန်ရုံးချိန်ကို စောရောက်လာတာမို့လို့ သူတို့အပြစ်တော့မဟုတ်..
မနက်စောစီး သွားစရာရှိသည်ဟု ပြောကာ အစောကြီး ထထွက်သွားတဲ့ခန်ကြောင့် သူ့မှာ မနက်စာ သေချာမစားတော့ပဲ ထွက်လာရသည်.. ရှယ်လီ စောရောက်နေသည်ကပင်ချီးကျူးစရာကောင်းနေပါပြီ..
ရှယ်လီအား ကော်ဖီတစ်ခွက်တောင်းကာ မိမိအတွက်သီးသန့် ရုံးခန်းတွင်းရှိခုံတွင်ထိုင်လိုက်သည်.. အပိတ်မဟုတ်ပဲ မှန်ကာထားတာကြောင့် အထဲကနေ အပြင်ကို မြင်နေရ၏..
မနေ့ညက စစ်စရာကျန်နေသော report တို့ကို စစ်ဆေးနေတုန်း စားပွဲပေါ်ရှိ ဖုန်းမှမြည်လာ၏.. ဖုန်းလာတဲ့အခါ အပြင်မှ တဆင့်သာလွဲပေးသောကြောင့် ရှယ်လီ ကလွဲရင် ကျန်တဲ့သူမဖြစ်နိုင်..
"ရှယ်လီ ပြော.."
"Team 3 Leader က reprot တင်ဖို့လာလို့ရမလားမေးနေတယ်ဆရာ.. "
"ဒီတစ်ခေါက် အရွေးခံရတဲ့ Team လား team 3 က.. လွှတ်လိုက်လေ.. "
"ဟုတ်ကဲ့.."
ဖုန်းချပြီး ခဏနေတော့ မှန်တံခါးခေါက်ကာ အတွင်းသို့ လူငယ်တစ်ယောက်ဝင်လာ၏..
"Good morning ဆရာ.. "
အသိအမှတ်ပြု ခေါင်းတစ်ချက်ညိမ့်ပြပြီးနောက် team leader က စားပွဲပေါ်သို့ report ဖိုင် တင်ပေးသည်..
"ကျွန်တော်တို့ ရွေးချယ်ထားတဲ့ Designer က ဒီနေ့ နေ့လည်ကို ရုံးလာမယ်ပြောပါတယ် ဆရာ.. "
"အင်း.. လာရင် ငါ့ကိုခေါ်လိုက်လေ.. Local လားသူက.. "
"မြန်မာပါပဲ.. နိုင်ငံခြားကနေပြန်လာတာပေါ့.. "
YOU ARE READING
Tell me yoU LoVe me ( Under Editing )