Unicode
မနက် ၈:၁၂ မိနစ် ..
ဖုန်းကို လက်နှစ်ဖက်ဖြင့်ကိုင်ကာ စာတစ်ချို့ရိုက်လိုက် .. ပြန်ဖျတ်လိုက် .. စာပြန်စီလိုက် .. မျှားစိမ်း ခုလုတ် နားမယောင် မလည် လက်မကို မွှေ့လိုက်ဖြင့် ၈:၂၀ ထိုးတဲ့ ထိ Alex တစ်ယောင် 'Morning ခန် နိုးပြီလား' ဆိုတာကို မေးဖို့ ရည်ရွယ်ထားတာကို မမေးရသေးပေ ..
မနေ့ညက ပြောတာကတော့ ၃ ရက်နောက်ပိုင်းမှ စိတ်ဆိုးပြေပြီး စကားပြောမယ်ဆိုတော့ ဒီရက်ပိုင်း တွင်းမှာ စကားက ပြောလို့ရတာလား ပြောလို့မရတာလား ..
တော်ကြာ ခန်က စကားပြောချင်စိတ်မရှိတာကို စာသွားပို့လိုက်ရင် စိတ်ကွက် သွားမှာလည်းကြောက်မိသေး ..
"ဟူး..."
Company အတွက်အရေုးကြီးတဲ့ Decisons တွေ ချရတုံးကတောင် ထိုမျှလောက် မတွေဝေခဲ့ဘူးပေ .. အခုကြတော့ ရိုးရိုးရှင်းရှင်း စကားတစ်ကြောင်းကိုတောင် သူ့မှာ စိတ်ပူပင်စွာနဲ့ လေးပင့်နေ၏ ..
ထပ်ပြီး အချိန်ဆွဲမနေတော့ဘဲ မြန်မြန် ဆန်ဆန် sent တဲ့ခုလုတ်ကို နိုပ်လိုက်သည် .. စာအစိမ်းရောင်လေးက sent ဖြစ်သွားပြီးမှ စိတ်မအေးဖြစ်နေပြန်သည် .. ဘာဖြစ်လို့ဖြစ်နေမှန်းမသိ .. Morning များစာလုံးပေါင်းတာမှားနေလားလဲ ပြန်စစ်မိသေး၏ ..
၈:၃၀ နေပေမဲ့ ချက်ချင်းတော့ပြန်စာမလာပေ .. တမင်မပြန်ချင်လို့များလား တွေးလိုက်မိပေမဲ့ .. အဲလောက်ထိ ခန် ရဲ့စိတ်ဆိုးမှုက မပြင်းထန်ဟု ထင်နေမိသည် .. ပုံမှန်သမီးရည်းစားတွေ ဆို နိုးရင် နှုတ်ဆက် ရတာနဲ့ အိပ်ရင် နှုတ်ဆတ်ရတာနဲ့ စသဖြင့် လုပ်လေ့ရှိတာမို့ မနက်ခင်း နှုတ်ဆက်ခြင်းအမှုကို မရဲတရဲ ပြုလုပ်ရသည်.. မပြောနိုင်ဘူးလေ သိတတ်တယ်ဆိုပြီး ရက်လျော့ပေါ့ ပေးရင်ပေးမှာ ..
၈:၃၅ ထိ ကုတင်မှာ ငုတ်တုတ်ထိုင်ပြီးပေါင်ပေါ်မှာခေါင်းအုံးတင်ထားသည်.. ထိုခေါင်းအုံးပေါ်မှာဖုန်းတင်၍ ထိုင်ကြည့်နေပါသော်လည်း ပြန်စာမလာပေ .. ရိုးရိုး phone message ဆိုတော့ active now တွေဘာတွေ seen တွေဘာတွေ လည်းမသိရ .. မနိုးသေးတာလည်း ဖြစ်နိုင်တာပဲလေ ..
STAI LEGGENDO
Tell me yoU LoVe me ( Under Editing )