42(Zawgyi+Unicode)

22.4K 1.6K 148
                                    

Unicode

(media ကပုံကို အခုမကြည့်ထားနဲ့ ဦးနော် .. ပြီးမှ လာကြည့်နော် 💗)
_______________________________________

ဘေးမှ အိပ်နေတဲ့ ခန်ကို သေချာလေးကြည့်လိုက်တယ် .. အိပ်နေတာ သေချာတော့မှ ဖင်လေးအသာကြွကာ ကုတင်ပေါ်ကနေ ခြေဖွပြီး ဆင်းလိုက်သည် .. ဘေးက ဖုန်းကို လှမ်းယူနေတုန်း ခန်က အင်း အဲ ဆိုပြီး လှုတ်သွားလို့ နဖူးပေါ်က ဆံပင်တစ်ချို့ကို သပ်ရင်း တင်ပါးလေး နှစ်ချက်လောက် ပုတ်ပြီး ပြန်သိပ်လိုက်သည် .. တံခါးပိတ်ရင် အသံမြည်မှာ စိုးလို့ တံခါးသေးသေးလေးပဲ ဟထားခဲ့လိုက်သေးသည် ..

ရေခဲသေတ္တာရှေ့ရောက်တော့ ရေဘူးအကြီး ထုတ်ကာ စားပွဲပေါ်ရှိ note pad လေး နဲ့မလှမ်းမကမ်းနားမှာတင်ကာ ထိုင်ခုံတွင် ထိုင်ချလိုက်၏ ..

' လက်ကိုင်ရန် '
' ခန္တာကိုယ် အစိတ်အပိုင်းကို အနမ်းပေးရန် '
' ချစ်တယ် တဖွဖွ ပြောရန် '
' possessive စကားတွေပြောရန် '
. ''
. ''
. ''
. ''
' ရေတူတူ ချိုးရန် '

ဖုန်းမျက်နှာပြင်မှာ ပေါ်နေတဲ့ Romance များဖန်တီနည်း ဆိုသည့် ခေါင်းစဉ်အောက်ကစာတန်းတွေကို အသံထွက်ရွတ်ဖတ်နေမိရင်း တစ်ချို့က အဆင်ပြေတယ် .. တစ်ခုက သူတို့နှင့်မကိုက်ညီ၍ ပယ်လိုက်.. တစ်ချို့က အဆင်မပြေ၍ ပယ်လိုက်နှင့် အောက်နားကျကျမှာ တစ်ခုထပ်သွားတွေသည် ..ရေအတူချိုးရန်တဲ့ ..

"ရေက ဘယ်လို အတူချိုးရမှာလည်း .. အတူချိုးနေတုန်း ဘာလုပ်နေရမှာလည်း .. "

ရေချိုးခန်ထဲမှာ လူနှစ်ယောက် အချိန်ကုန်အောင် ဘာလုပ်ကြလည်း သိချင်၍ google လေး ခေါက်ကြည့်တော့ တစ်ချို့အဖြေတွေက မျက်နှာ ပူစရာ အဖြေတွေထွက်လာသည် .. အသက်ကျော်သည့် အဖြေတွေကို ကျော်ခွ ရင်း လှန်လှော ရှာကြည့်တော့ သင့်တော်တာလေးတစ်ခုသွားတွေ့သည် ..

မနက်ကျလို့ ခန်တို့အိမ်သွားတဲ့ လမ်းပေါ်မှာ အပေါ်ကတစ်ချို့အချက်တွေ လုပ်မယ် .. ရေချိုး ဖို့ကျတော့ အခြေအနေကြည့်ပြီးလုပ်မယ် ..

သူ့ဘာသာသူ ဆုံးဖြတ်ချက်ချကာ .. ကျေကျေနပ်နပ် အပြုံးကြီး ပြုံး၍ ရေဘူးကို လှမ်းယူလိုက်၏...

Tell me yoU LoVe me ( Under Editing )Where stories live. Discover now