43 (Zawgyi+Unicode)

22.6K 1.6K 67
                                    

Unicode

ခန်သူရိန် တစ်ယောက် ကျောပိုးအိတ်လေးကျော၌ ပိုးကာ အိမ်တံခါးပိတ်နေ၏ .. Lock သေချာစစ်ပြီး အပိုတပ်ထားသည့် သံတခါးပါ ပိတ်၍ သေချာကာမှ lift စီကို ချီတက်လာသည် ..

ညနေကြရင် အကိုရုံးအဆင်းကို အကို့အမေအိမ် လိုက်ပါ့မယ်လို့ ကတိပေးကာ အခု သူမရှိတုန်း အသာလေးလစ်ကာ အပြင်ခိုးထွက်ရသည် ..

ပုံမှန်ဆို ခိုးထွက်စရာမလို.. ဒီတိုင်းဘယ်သွားမယ် ပြောလိုက်ရင် ရပေမဲ့ အခု သွားမှာက အကို့ရဲ့ တူတော်မောင် ကျွန်တော့် သူငယ်ချင်း အိမ်ပြေး ငစိုင်းဆီ ဆိုတော့ အကို သိလို့မဖြစ်..

အောက်ရောက်တော့ Taxi ခေါ်ဖို့စဉ်းစားပေမဲ့ ကိုယ်ရှာထားတာမဟုတ်တဲ့ ပိုက်ဆံကို မဖြုန်းချင် .. ထို့ကြောင့် လမ်းထိပ်ထိလျှောက်ကာ bus ဖြင့်သာ သွားရန်ဆုံးဖြတ်လိုက်သည် ..

လမ်းမရှည်တစ်ခုကို သူ လွပ်လပ်စွာ ဖြတ်သန်းသွားလာရင်းပတ်ဝန်းကျင်ကို လျှောက်ကြည့်နေမိ၏ .. တစ်နှစ်ဆိုတဲ့ အချိန်ကာလတစ်ခုက ဒီပတ်ဝန်းကျင်ကို ရင်းနှီးစေသည် .. ထိုကာလ အတွင်းမှာလည်း အဖြစ်အပျက် များစွာလညး် ဖြစ်ခဲ့ဘူး၏ .. ပျော်စရာတွေလည်း ပါသလို ဝမ်းနည်းစရာတွေလည်း ရှိခဲ့ဘူးသည် ..

ပြန်စဉ်းစားကြည့်တော့ သူတို့နှစ်ယောက်က ခေါင်းစဉ်သာ မတပ်သာ သူတို့နေခဲ့တဲ့ ပုံစံက ဘာလိုလို ညာလိုလို ရည်းစား တွေလို နေခဲ့တာဖြစ်သည်.. ဒါကို လူတွေ မရိပ်မိဘူး ဆိုသည်မှာ မဖြစ်နိုင်ချေ .. မည်သို့သော ကဲ့ရဲ့မှု ပြောဆိုမှု မှမကြားခဲ့ရတာကြောင့် ရှေ့လျှောက်လည်း မည်သို့မျှ ထူးထူးခြားခြားပြောင်းလဲသွားမည်ဟု သူမထင် ..

ညကအိပ်မပျော်အောင် စိတ်ပူနေခဲ့တာတွေက မနက်က အကို့ရဲ့ အနမ်းတစ်ပွင့်နဲ့အတူ များပါသွားခဲ့လားမသိ အခုကျတော့ သိပ်အရေးမပါတာ့သလိုပင် .. အကိုပြောသလို ကျွန်တော်နဲ့ အကို့ပျော်နေရင် အဆင်ပြေသည် .. ကျန်တာတွေထက် အကို့ရဲ့ အားပေးစကားတစ်ခွန်းက ကျွန်တော့်ကို အားပြည့်စေတာတော့အမှန်ပင်...

ခန်သူရိန် သူ့စိတ်ကူးနဲ့ သူ တွေးတောရင်း လမ်းမထက်က ညမွှေးပန်းတစ်ချို့ကို လက်ဖြင့် ကလူကျီစယ်သွားသေး၏ .. လွန်ခဲ့တဲ့ ရက်က မိုးရွာထားတာမို့ သိပ်မပူတော့ချေ .. နေသာသာ ကောင်းကင်အောက်မှာ ခန်တစ်ယောက် စိတ်ပျော်ရွှင်နေ၏ ..

Tell me yoU LoVe me ( Under Editing )Where stories live. Discover now