Unicode
စိုင်းသည် သားစစ် သေချာခေါက်ပြီးပုံပေးထားသော အဝတ်တွေ ကို ဆူပုတ်ပုတ်ဖြင့် အိတ်ထဲ ထိုးထည့်နေသည်..
ခရီးသွားသဖြင့် အိမ်မှာ ဘုန်းသက်ကျော် မရှိတော့ မီတာခ ချွေတာဖို့လိုသည်ဟုဆိုကာ စိုင်းသည် သူအခန်းကိုသော့ပိတ်ကာ သားစစ်နှင့်တူတူလာနေသည်..
သေချာခေါက်ပေးထားသော အဝတ်တွေကိုဖြစ်သလို ထိုးထည့်နေသဖြင့် အိတ်ထဲရှိ အဝတ်တို့က ကြေမွ ကုန်သည်.. သားစစ်သည် စိတ်တို့စွာဖြင့် စိုင်းကို ခေါင်းခေါက်ချလိုက်သည်..
"အ.. သေမလို့ လာခေါင်းခေါက်နေတာလား.. နာတယ်ကွ.."
စိုင်းသည် သားစစ်ကို မျက်စောင်းထိုးကာ လက်ပိုက်ပြီး ကုတင်ပေါ်မှာ ထိုင်လျက်ပင် နောက်လှည့်သွားသည်.. သွားကြည့်စရာမလို နှုတ်ခမ်းက ရှေ့တစ်ထောင်လောက်ဆူနေမှာ အသေအချာ..
သားစစ်သည် ခေါင်းခါရင်း ဘာမှ မပြောတော့ဘဲ သူ့အဝတ်ကိုသူ ဘာသာ သူအိတ်ထဲ ထိုင်ထည့်နေ၏..
ခပ်ကျဉ်းကျဉ်း ကုတင်ထက်တွင် ကောင်လေးနှစ်ယောက် တစ်ယောက်ကို တစ်ယောက် ကျောပေးကာ ထိုင်နေကြ၏.. တစ်ယောက်က စိတ်ဆိုးစွာ လက်ပိုက်ပြီး ပွစိပွစိလုပ်နေ၏.. နောက်တစ်ယောက်ကမူ မကြားချင်ယောက်ဆောင်ကာ အကျႌခေါက်နေ၏..
သားစစ် ရှပ်အကျႌ အမည်းရောင်လေးကို ခေါက်ရန် ကောက်ကိုင်လိုက်ချိန် သူ့နောက်ကျောစီမှ နွေးထွေးမှုခံစားလိုက်ရ၏.. လုပ်လက်စ ခဏရပ်ကာ ခေါင်းလေးစောင်းငဲ့ ကြည့်ဖြစ်၏.. စိုင်းသည် လက်ပိုက်လျက်ပင်သူ့နောက်ကျောကို ကုတင်အလာ မှီချကာ ခိုမှီနေ၏...
နှစ်ယောက်လုံးစကားမစသဖြင့် တိတ်ဆိတ်နေတာကြောင့် သားစစ်လည်း လုပ်လက်စ အလုပ်ကို ဆက်လုပ်ဖြစ်၏..
ခရီးဆောင်အိတ်ထည့်တာ ပြီးသလောက်ရှိတဲ့ အချိန်မှာမှ စိုင်းသည် စကားစလာ၏..
"မသွားပါနဲ့လား.... "
လေးတိလေးကန်အသံ က ဝမ်းနည်း နေမှန်းသိသာသည်..
"ကိုယ် အစောကြီးထဲက သွားရမဲ့ အကြောင်းကြိုပြောထားတယ်လေကွာ.. မရစ်နဲ့ တော့.."
![](https://img.wattpad.com/cover/150453182-288-k755273.jpg)
YOU ARE READING
Tell me yoU LoVe me ( Under Editing )