"မနက်ဖြန်ကျရင် မ တို့က ညနေဖက် ကောင်တာသွားထိုင်ကြမယ်တဲ့ အဲဒါလိုက်သွားလို့ရမလား ..."
ကုတင်ပေါ်ထိုင်ပြီး article တစ်ခုဖတ်နေရင်း ဘေးမှာထိုင်နေတဲ့ ခန်က တိုးညှင်းစွာတောင်းဆိုလာသည်..
သိချင်မိတာတစ်ခုရှိတယ် ခန်က တစ်ခြားသူတွေနဲ့ ဆိုရင်ကာ အဲလို ညှင်ညှင်သာသာ ပြောတတ်လားဆိုတာ .. ကိုယ့် ရှေ့မှာတော့စကားတောင် ကျယ်ကျယ်မပြောဘူးပေ.. ကိုယ်ပဲအရမ်းကြောက်ဖို့ကောင်းနေလို့ ကလေး ကကြောက်နေတာလားတော့မသိ.."ဘယ်သူတွေ ပါဦးမလဲ ခန်.. ပြီးတော့ ဘယ်ဆိုင်လဲ ...ခန်ကိုမယုံလို့မေးတာမဟုတ်ဘူးနော် .. လူငယ်တွေချည်းပဲ ဆိုတော့ကိုယ်က စိတ်ပူလို့မေးတာ .."
ကိုယ်ကစိတ်ပူလို့မေးတာဆိုပေမဲ့ မေးခွန်းအဆုံးမှာ စဉ်းစားနေဟန်ပြနေတဲ့ ခန်ကြောင့်အထင်မလွဲ စေရန် လိုလိုမယ်မယ် ရှင်းပြလိုက်သည်..
"အင်းရပါတယ် .. ကိစ္စမရှိပါဘူး.. မ ပြောတာတော့ ညနေ ၄ နာရီလောက်လာခေါ်မယ်တဲ့ သူသွားစရာတစ်နေရာတစ်ခု သွားပြီးရင် '04 th' ဆိုင်သွားမယ်လို့တော့ပြောတယ် အပြန်အချိန်ကိုတော့ကျွန်တော်လည်းမသိဘူး.."
"အင်းပေါ့ အပြန်ကတော့ ခန့်မှန်းရခက်တာပေါ့ .. ရပါတယ် သွားပေါ့ တစ်ခါတစ်လေပဲ ဟာကို ကိုယ်ခွင်ြ့ပုပါတယ် ဒါပေမဲ့ ခန်ကိုယ့်ကို ကတိတစ်ခုပေးရမယ်.."
"ဘာလဲ အကို .."
"ဆိုင်ရောက်တာနဲ့ ရောက်ကြောင်းဖုန်းဆက်ရမယ် ပြီးရင် ပြန်လာတော့မယ်ဆို ဖုန်းဆက်ရမယ် .. အဲဒါမှ လိုအပ်ရင် လာကြိုလို့ရမှာ .."
"အာ မဟုတ်တာ အကိုရဲ့ ကျွန်တော်တို့က အဲလောက်မမူးတတ်ပါဘူး.. အကိုတစ်ကူးတစ်ကလာစရာမလိုပါဘူး.."
------------------------------------
အရမ်း မမူးတတ်လို့ လာစရာမလိုကြောင်း အာမခံသွားတဲ့ ခန်သည် ရ နာရီက ဆိုင်ရောက်သည်ဟုဖုန်းဆက်ပြောပြီး ၉ နာရီမှာ ဖုန်းထပ်ဆက်ကာအာလေးလျှာလေးနဲ့ ဘာတွေပြောမှန်းမသိပေမဲ့ ရေချိန်ကိုက်နေကြောင်း အချက်ပြနေတဲ့ အတွက် ပျင်းပျင်းနဲ့ TV ကြည့်နေရင်း အမြန်ထကာ ခန်ရှိနေမည့် ထိုဆိုင်သို့ ဒုန်းဆိုင်းလာလိုက်ရသည်..
YOU ARE READING
Tell me yoU LoVe me ( Under Editing )