Unicode
"ခန် .. ကိုယ့် ကောင်က လက်လောက်နဲ့ မရဘူးထင်တယ်.."
ဆိုဖာ ပေါ်က ဆင်းက ဘေးမှာ မတ်တပ်ရပ်ပြီး တစ်ကိုယ်လုံး အဝတ်တစ်ထည်မကပ်ပဲ .. တန်းလန်း တန်းလန်းဖြင့် .. မျက်နှာလေးငယ်ကာ ပြောလာတဲ့ အကို့ရဲ့ စကားကို ကျွန်တော် ဘာကိုဆိုလိုချင်မှန်း အစကမသိ ...
အားမရှိသေးတဲ့ ခြေထောက်တွေ ကြောင့် ဆိုဖာပေါ် ပက်လက် လှဲနေသည့် ကျွန်တော့်အား ချီမကာ အခန်းစီသို့ဦးတည် သွားတော့မှ မျက်လုံးပြူးမျက်စံပြူးဖြင့် နားလည်လိုက်သည် ..
ကြာကြာ လန့်ခွင့်မရအောင် အကိုက လမ်းတစ်လျှောက် အနမ်းဆက်တိုက်ဖြင့် ဦးဆောင် ခေါ်သွားသည် ..
တင်ပါးနှစ်ဖက်မှ ပင့်ကိုင်ရင်း ချီနေတာမို့ အကို့လက်တို့က အငြိမ်တော့မနေ လာလာညစ်နေသည် ..
ဘုတ်ခနဲ ပစ်ချခံလိုက်တာမို့ ကျွန်တော့်ဟာ ကုတင်ပေါ်မှာ ပလက် အကြောင်သားလေး ဘာလုပ်လို့လုပ်ရမှန်းမသိ .. မျက်နှာပူက အိုးတိုးအမ်းတမ်း ဖြစ်နေမိသည် ..
ကျွန်တော့်ဘေးကပ်ရပ်မှာ အိပ်နေတဲ့ အာလူးကို အကိုက ဆွဲချတော့ သံကုန်အော်ပြီး အောက်ဆင်းသွားကာ သူ့ဟာသူ လျက်နေသည် ..
"အကို .. မီး ပိတ်ပေး .. "
ကုတင်ပေါ် အတင်း ဒူးထောက်တက်လာတဲ့ အကို့ကို ဆီးတားကာ အတင်းမီးပိတ်ခိုင်းတော့ မပိတ်ချင် ပိတ်ချင်ဖြင့်သွားပိတ်သည် .. မီးလင်းနေမှာကို ရှက်တာအပြင် ကြမ်းပြင်ပေါ်က အာလူးကို အပြင်ထွက်သွားစချေင်လို့လညး်ပါသည် ..
မီးပတ်ပြီး ချက်ချင်းပြန်တက်မလာသေးဘဲ ဗီဒိုနားသွားနေတာမို့ နီးရာ စောင်လှမ်းဆွဲကာ ကတုန်တယင် ဖြစ်နေမိသည် .. တည်ငြိမ်အောင် ထိန်းလို့လည်းမရ ..
ပြန်လှည့်လာသည့် အကို က စက္ကူဘူးတစ်ဘူး နှင့် အရည်ဘူးလေးတစ်ဘူး ပါလာသည်.. မှောင်နေပေမဲ့ စက္ကူဘူးကို သေချာမြင်လိုက်ရတာသည် .. အကာအကွယ်ကို ဘူးလိုက် သယ်လာတဲ့ အကို့ကြောင့် မသိမသာ ခေါင်းရင်းနားတိုးမိသွားသည် ..
ဒါပေမဲ့လည်းခြေချင်းဝတ်ကနေ လှမ်းဆွဲလိုက်တဲ့ အကို့ကြောင့် ရုတ်ပျက်ဆင်းပျက် အောက်လျှောလာရသည် .. အပြီအပြင် ကျွန်တော့်အပေါ် နေရာယူပြီးတော့ အကိုက ကျွန်တော့်ကို လှမ်းကြည့်သည် ..
YOU ARE READING
Tell me yoU LoVe me ( Under Editing )