Unicode
"သား .. မင်းပြန်ချင်ရင်ပြန်တော့လေ တစ်ပတ်ရှိပြီမလားအိမ်ပြန်လာတာ.."
ထမင်းစားရင်း အဖေကစကားဆိုလာသည် ..
"ရှင်က လည်း သားကအခုမှ ပြန်လာနေတာကို ပြန်ခိုင်းနေတယ် အေးဆေးနေပါစေဦး .."
"မိန်းမကလည်း ပြန်ခိုင်းတာမဟုတ်ပါဘူး.. အိမ်မှာလည်းသူဘာမှလုပ်စရာမရှိတာ ပြန်ပစေပေါ့ မင်း သားကပိတ်ရက်တိုင်းအိမ်လာတာကို မတွေ့ရတာကျလို့ .."
"ဒါပေမဲ့လည်း .."
"ဒါပေမဲ့ မနေစမ်းပါနဲ့မိန်းမရာ ပြန်ပစေပေါ့ သူမရှိတာ့ ငါတို့နှစ်ယောက်ထဲ အေးဆးနေလို့ရတာပေါ့ .."
ဖေဖေ့စကားကြောင့် မေမေက မျက်စောင်းလှမ်းထိုးလိုက်သည် .. ကျွန်တော်ကတော့ မေမေ မမြင်အောင် ဖေဖေ့ကို
လက်မထောင်ပြီး ရီပြလိုက်သည် .. ဖေဖေကလည်း မျက်စိပြန်မှတ်ပြသည် ..အပေါ်ပြန်တက်လာတော့ သိမ်းစရာရှိတာနည်းနည်းပါးပါးသိမ်းထားလိုက်သည် .. ခုတော့ နေ့လည်ဖြစ်နေပြီဆိုတော့ မပြန်တော့ပဲ မနက်မှပဲပြန်ဖို့စဉ်းစားထားသည် .. တနေ့ညကကော မနေ့ညကကော အရင်နေ့တွေလို ညဖက်တွေရောက်မလာ ဖုန်းလည်းမဆက် .. အလုပ်တွေများနေလို့လားတော့မသိ ..
နာရီကိုကြည့်လိုက်တော့ ၁:၃၀ .. မနက်ဖြန်မြန်မြန်ရောက်ရင်ကောင်းမယ် ..
----------------------------
အပိုရှိနေတဲ့ သော့တံလေးကိုလှည့်ဖွင့်လိုက်သည် .. ရုပ်ရှင်တွေထဲကလို မရောက်တာကြာတဲ့အိမ်ပြန်ရောက်တဲ့အခါ ရှုတ်ပွနေတာမျိုးတွေရှိမလားကြည့်လိုက်သည် ။ မရှိ .. ဘယ်ရှိမလဲ အဒေါ်ကြီးကနေ့တိုင်းလာပြီးအိမ်အလုပ်လုပ်ပေးတာကို .. ကျွန်တော်အိမ်မှာရှိနေရင်လည်း အိမ်ကဘာမှမထူးပါဘူး .. ဘာလို့လဲဆိုတော့ကျွန်တော်ကအိမ်အလုပ်ဘာမှ မလုပ်တတ်...
နောက်ကျောပေးထားတဲ့ အဒေါ်ကြီးကိုလှမ်းခေါ်လိုက်တော့ တအံ့တဪလှည့်ကြည့်တယ် ..
"အဒေါ် စောလှချည်လား .."
"အေးဒီနေ့ အဒေါ်ကနေ့လည်မအားလို့ မနက်စောစောလာလိုက်တာ ..Alex တောင် ခုဏကမှလမ်းလျှောက်ပြန်ရောက်ပြီးရေချိုးနေတာ.."
YOU ARE READING
Tell me yoU LoVe me ( Under Editing )