(Please please please ...media က သီချင်းလေးကို ဖွင့်ပြီး ဖတ်ကြည့်ပါလားလို့ ...🥺🥺)
______________________________________"ဒေါက် .. ဒေါက် .."
master bedroom အခန်းတံခါးလေးကို ခေါက်ကြည့်တော့တုံ့ပြန်သံ မကြားရ .. နာရီကြည့်တော့ ၄ နာရီထိုးပြီ .. နည်းနည်း စောနေသေးတာကြောင့် အိပ်ပျော်နေလောက်မဲ့ ခန်ကို ထပ်မနိုးဘဲ အခန်းထဲ ဝင်ကာ ရေချိုးလိုက်သည် ..
သပ်သပ်ရပ်ရပ် အဝတ်အစား တစ်စုံ ရွေးထုတ်ပြီးသေချာပြင်ဆင်ကာ Alex အခန်းထဲမှ ထွက်လာခဲ့ငည် ..
ခန်တစ်ယောက် ဆေးအရှိုန်နဲ့ ရင်တုန် နေမည်စိုး၍ မနက်က ပူတင်း တစ်ဝက်ကို oven ထဲသို့ထည့်ကာ နွှေးနေတုန်း နာရီ မော့ကြည့်မိတော့ ၅ နာရီ မတ်တင်း .. ဒီထက်ပို နောက်ကျလို့ မဖြစ်တာမို့ oven နံပါတ်ချိန်ထည့်ရင်း ခန် အိပ်နေသည့် အခန်းထဲ တံခါးမခေါက်တော့ဘဲ ဝင်လာလိုက်သည် ..
ကုတင်ထက်တွင် စောင်လုံနေအောင် ခြုံကာ စောင်ဖြင့် လုံးနေသော ခန် .. ဟောက်သံ ပိစိ လေးတွေထိထွက်နေ၏ ..
ခန်ဘေးနေရာလွတ်တွင် ဝင်ထိုင်လိုက်ရင်း လှဲနေသည့် စောင်အထုတ်လေးကို သိမ်းကျုံးဖတ်လိုက်မိသည် .. အသည်းယား မိတာကြောင့်အားဖြင့်ညှစ် လိုက်တော့ ခန်က လှုတ်ရှားသွား၏ ..
မျက်လုံးကို အုပ်နေသော ဆံပင်တစ်ချို့ကို ဖယ်ပေးလိုက်သည် .. ဆံပင်တွေ တောင်ရှည်နေပြီပဲ .. နောက်နေ့ တူတူ သွားညှက်ရမည် ..
နှစ်ခြိုက်စွာအိပ်မောကျနေသော ခန်ရဲ့ နား နားလေးကို ကပ်၍ လေဖြင့် မှုတ်ကာ စမိ၏ .. မျက်ခုံးကြီး တွန့်ချိုးကာ အလို မကျဖြစ်သွားသော ခန်မျက်နှာကြောင့် ချစ်မြတ်နိုးစွာ ပြုံးမိ၏ ..
ဘဝ မှာ ပထမဆုံး ယောက်ျားလေးတစ်ယောက်အား ချစ်မြတ်နိုးစွာ ငေးကြည့်မိခြင်းပင် ..
တစ်ခါတစ်လေ ရင်ထဲ ပြည့်ကျပ်အောင် ချစ်သည့်စိတ်မျိုးခံစားရသည် ..သူချစ်ကြောင်း ဘယ်လိုဖော်ပြ၍ ရနိုင်မည်နည်း .. နည်းလမ်းတို့ သူမသိ ..
"ခန် ..."
ခပ်တိုးတိုးလေးဖြင့် နားနားကပ်ကာ နာမည်ခေါ်တော့ ခန်က ဟင် ဟူ၍ ပြန်ထူးကာ မျက်လုံးဖွင့်လာသည် ..
YOU ARE READING
Tell me yoU LoVe me ( Under Editing )