14 (side story) (Zawgyi + Unicode )

29.8K 2.3K 16
                                    

" အကို ဘာသောက်မလဲရှင့်..."

"Love cappuccino ပေး ညီမ နောက်တစ်ခွက်ကိုတော့ ခဏနေမှချနော် မရောက်သေးလို့.."

"ဟုတ်ကဲ့ပါ.."

အနားက ထွက်သွားတဲ့ ညီမစီကနေ စိုင်းတစ်ယောက် အကြည့်လွှဲကာ ဘေးမှန်ပြတင်းပေါက်ရှိ မရိုးနိုင်တဲ့ မြင်ကွင်းကိုပြန်ကြည့်နေပြန်သည်..

သူဒီဆိုင်လေးကို တော်တော် သဘောကျသည် .. ခုခေတ်ပုံစံ ဓာတ်ပုံရိုက်ဖို့ချည်းသီးသန့် လုပ်ပေးထားတဲ့ ဆိုင်တွေလိုမဟုတ် .. ဆိုင်အပြင်အဆင်ကရိုးရှင်းလွန်းသည် .. စားပွဲ နှင့် ကုလားထိုင် လေးတွေရယ် coffee counter တစ်ခုရယ်က လွဲရင် ရှုတ်ရှုတ်ရှတ်ရှတ် ဘာမှမရှိ ..

ဒီကော်ဖီ ဆိုင်ရဲ့ အားနည်းချက်တစ်ဖြစ်လည်းအားသာချက်တစ်ခုက ဒီဆိုင်သည် လေးလွှာမှာဖွင့်ထားတဲ့ ဆိုင်ဖြစ်နေသည်.. Social Meadia ကိုအသုံးချပြီး ကြော်ညာ ခြင်းမရှိတာကြောင့်ရယ် အထပ်မြင့်ဖြစ်တာကြောင့် ရယ်ကြောင့် လူတော့တော်တော်ရှင်းသည်..

သို့သော်လည်း ဆိုင်မှာ နံရံတွေအစား မှန်တွေကာထားပြီး ထိုမှန်မှကြည့်လိုက်လျှင် မွန်းကြပ်လှသောရန်ကုန်မြို့ နှင့်ခြားနားစာ သစ်ပင် ပန်းပင်တို့စုံလင်စွာရှိတေဲ့ ဘေးချင်းကပ်လျက်ရှိသော ကျယ်ဝန်းလှသော ပန်းခြံ သည် အလိုအလျောက်ဆွဲဆောင်မှုဖြစ်စေသည်.. ထိုကြောင့် ကျွန်တော် ဒီဆိုင်ကို သဘောကျခြင်းဖြစ်သည်.. ရန်ကုန်မှာကျောင်းတက်တုန်းက စိတ်ညစ်လျှင် ဒီဆိုင်သို့လာထိုင်ဖြစ်သည်...

"ကလင်...ကလင်.."

ဆိုင်အဝင်အဝတွင် ချိတ်ဆွဲထားသော ခေါင်းလောင်းလေး မြည်သံကြောင့် စောင့်နေတဲ့ သူများလားလို့ လှမ်းကာ ကြည့်လိုက်မိတော့ ထင်တဲ့ အတိုင်းကျွန်တော့်ရဲ့ အချေကောင်..
ဒီလောက်ပူတဲ့ ရန်ကုန်ရဲ့ရာသီဥတုမှာ သူမို့လို့ အပေါ်အမဲအောက်အမဲနှင့် .. နေကာမျက်မှန်ကြီးတကားကားနဲ့ လက်ထဲမှာလည်း ဘွဲ့တောင်မရသေးဘဲ မိသားစုလုပ်ငန်းမှာ ဝိုင်းလုပ်ကိုင်ပေးသော သူ့ကို သူ့ရဲ့ Uncle ကြီးကသဘောကျပြီး ဝယ်ပေးထားတဲ့ အသစ်စက်စက် သူ့ရဲ့ ကားသော့ကို တွဲလောင်းတွဲလောင်းနဲ့ စတိုင်ကျကျ ဝင်လာသော ကျွန်တော့် RS ကြီးကြောင့် ခုဏကကြည်လင်နေတဲ့ စိတ်များပျောက်ကာ နှခေါင်းရှုံ့မိလိုက်သည်..

Tell me yoU LoVe me ( Under Editing )Where stories live. Discover now