6 - မနက်စာတူတူစားကြမယ်

36K 2.7K 19
                                    

Unicode

"မနက်စာတူတူစားကြမယ် "

မျက်နှာပေါ် ထိုးကျလာတဲ့ နေရောင်ကြောင့် အပြည့်အဝတော့မဟုတ်ဘဲ အနည်းငယ် နိုး သွားပြီး မျက်လုံးမှိတ်ရင်းနဲ့သာ မျက်မှောင်ကြုတ်လိ်ုက်မိသည်...
ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်နေတာမို့ အစောကြီး ရှိဦးမည်ဟု သူထင်သည် ..

စူးရှစွာထိုးနေသော နေရောင်ကနှောက်ယှက်နေလို့ နည်းနည်း ပိုပြီး နိုးလာပေမဲ့ မျက်လုံးတော့ မဖွင့်နိ်ုင်သေး... အေးစိမ့်စိမ့် ခံစားရတာကြောင့် နွေးထွေးရာစောင်ဖြစ်ဖြစ် တစ်ခုခု ကို လိ်ုက်ရှာနေမိသည် ...

ခေါင်းအုံးအောက်ကို လက်ထိုးထည့်လိုက်သည်.. ဒါလည်း အေးနေတုံး.. မျက်လုံးမှိတ်လျက်နှင့်ပင် ဟိုစမ်း ဒီစမ်းဖြင့် စောင်ကို လိုက်ရှာသည် .. မတွေ့ .. ထို့ကြောင့် တခြားတစ်ဖက်မှာရှိလိုရှိငြား ကိုယ်ကို တစ်ဖက်သို့ စောင်းလှည့်လိ်ုက်၏..

ရုတ်တရပ် မာသလိုသလို ပျော့သလိုလိုရှိတဲ့ အရတစ်ခုခု နဲ့ နဖူးထိမိသွားပေမဲ့ သူ နာတော့မနာပေ.. အနွေးဓာတ်ကိုတောင် ခံစားမိလိုက်သည်..
လူက အရမ်း အိပ်ချင်နေတာကြောင့် သေချာမတွေးနိုင်တော့ဘဲ ထို မာမာပျော့ပျော့ ထံစီသို့ ခေါင်းကို ငုံ့ကာ တစ်ကိုယ်လုံးပစ်ဝင်လိ်ုက်သည်.. မျက်စိကိုလည်း နေရောင်
ကာကွယ်ပြီးသားဖြစ်သည့်အပြင် နွေးထွေးမှုကိုပါရရှိသွားသည်...ထို့အပြင် ကျောပေါ်သို့ ရောက်လာတဲ့ ခပ်နွေးနွေး တစ်စုံ တစ်ခုကြောင့် .. ပိုမို၍ပင်နွေးထွေးသွားသေးတယ်...

နေလို့ပိုကောင်းသွားတာကြောင့် ခန်သူရိန် ယောင်တောင်တောင်လေးဖြင့် ပြုံးက ပြန်အိပ်မောကျသွား၏ ....

-----------------------------

မရပ်မနား အဆက်မပြတ်မြည် နေသော နာရီအသံသည် မနက်ခင်း စောစောမှာ ဒီတစ်ပတ်အတွင်း နေ့တိုင်းကြားနေရပါသော်လည်း နေ့တိုင်နီးပါး ထိုကျယ်လောင်သော အသံကြောင့် စိတ်ညစ်မြဲပင် ...

မဖွင့်ချင် ဖွင့်ချင်နဲ့ မျက်လုံးဖွင့်လိ်ုက်ကာ နိုးစက်ကို လှမ်းပိတ်လိုက်ရင်း ဘေးမှာ လွပ်လပ်နေသောနေရာ ကိုတန်းတွေ့သည် ..

Tell me yoU LoVe me ( Under Editing )Where stories live. Discover now