🥳 All about TMYLM 🥳

21K 1K 104
                                    

ပထမဆုံး..

အပိုင်း ၆၀ ကျော် တစ်ပိုင်းမှာလည်း စာလုံးရေ ၄၀၀၀+ လောက်ရှိတဲ့ အပိုင်းတွေကို ကျော်ဖြတ်ပြီး ဒီထိရောက်အောင် လိုက်လာပေးတဲ့အတွက်
ကျေးဇူးအထူးတင်ရှိပါတယ်.. 🥳

၃ နှစ်နီးပါး အချိန်ယူပြီး ရေးချိန် ၂ နှစ်ကြာခဲ့တဲ့ ဒီ TMYLM ကို မဒီ အမှန်တိုင်းပြောရရင် စိတ်တိုင်းမကျပါဘူး.. မဒီ ၁၈ နှစ်တုန်းက ၁၈ နှစ်ဦးနှောက်နဲ့ ချခဲ့တဲ့ Plot ကအခု မဒီ့အတွက် အရမ်းကလေးဆန်နေပါတယ်.. ☹️

ကိုယ့်ကိုကိုယ် တစ်ချက်မှ အထင်မကြီးသလောက် မဒီ့ ကိုအရေးကောင်းကြောင်း သဘောကျကြောင်း တွေ တကူးတက လာပြောပေးကြတော့လေ မဒီ အံ့သြမိတယ်သိလား.. ( အခု နောက်ဆုံးပိုင်းရေးပြီး ဒီ အပိုင်ရေးတဲ့ထိ ကိုယ့်ကို ဒီထက်ပိုပြီး ကာင်းကောင်းမရေးနိုင်လို့ စိတ်ပျက်နေတုန်းပဲ..  )

ရေးတဲ့ သူကိုယ်တိုင်မကောင်းဘူးလို့တွေးထားတာကို ဘာလို့ ကောင်းတယ်ပြောကြလဲပေါ့.. ? အားနာလို့ပဲလားပေါ့.. အမျိုးမျိုးတွေးသေးတယ်..

ကိုယ်ရေးတာ အားမရဘူးလို့လည်း ခဏ ခဏ မပြောချင်ဘူး..  တော်ကြာ မဒီက ကောင်းတယ် ကြားချင်လို့ ပြောတယ်လို့ အထင်လွဲမှာစိုးလို့.. 

ဒါပေမဲ့ မဒီကတော့ TMYLM ကိုရပ်ပစ်ဖို့ ဖျက်လိုက်ဖို့ မစဉ်းစားဖူးပါဘူး.. သဘောကျကြောင်းလေးတွေက မဒီ့ကို တွန်းအားပေးနေတာကြောင့်ပါ..  ဒါမျိုးမှ အမှတ်တရမဟုတ်ရင် ဘာရှိတော့မလဲနော့်..

မဒီက စကားများတဲ့သူ ဒါပေမဲ့ တကယ်ပြောရင် နည်းနည်းပဲ ပြောဖြစ်တယ်..
ဦးနှောက်ထဲမှာ အများကြီးတွေးထားတတ်တဲ့ သူဆိုတော့ စာရေးတဲ့အခါ လိုရင်းမရောက်ဘဲ ရှည်လျားတတ်တာကို သတိထားမိကြမှာပါ.. စာဖတ်နေရင်းနဲ့ မဒီ့ကို စာရေးတာနဲ့ပတ်သတ်ပြီး ဝေဖန်ချင်တာရှိရင် အားမနာပဲ ပြောပြကြာပါနော်.. မဒီက ပြောမှ သိမှာဆိုတော့..

မဒီ့ရဲ့ အားထုတ်မှုလေးတွေကို ဖတ်ရှုပြီး ကြိုက်နှစ်သက်ပေးလို့ နောက်တစ်ခါထပ်ပြီး ကျေးဇူးတင်လိုက်ပါတယ်..

ကဲကဲ စကားမများတော့ဘူး.. မဒီ ပြောထားတဲ့ ဒီ story ရဲ့ Base ဆိုတာလေးကို ပြောပြပေးမယ်..

Tell me yoU LoVe me ( Under Editing )Where stories live. Discover now